• Follow Us on

Home ကယားလူငယ် ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားပေမယ့်လည်း ၁ ဦးကိုသာ ဖမ်းမိသေး

ကယားလူငယ် ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားပေမယ့်လည်း ၁ ဦးကိုသာ ဖမ်းမိသေး

Share this post

ကယားပြည်နယ် ပန်းခြံအတွင်း စိုက်ထူခဲ့တဲ့ ဗိုလ်ချူပ်ကြေးရုပ်ကိစ္စ နဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုအဆင်ပြေသည့် နောက်ပိုင်းမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ၊ စီမံဘဏ္ဍာဝန်ကြီး ၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ တို့ကို အမျိုးသားရေး သစ္စာဖောက်အပါအ၀င် အချက်လေးချက် နဲ့ စွတ်စွဲခဲ့တဲ့ လူငယ် ၆ ဦးကို အစိုးရအဖွဲ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အကာ ကွယ်ပေးရေး ဥပဒေ နဲ့ တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ထားပေမယ့်လည်း လက်ရှိမှာ တစ်ဦးကိုသာ ဖမ်းမိသေးတယ်လို့ သိရပါတယ်။

ခူကြူးဖဲကေး(ခ)ဂူးဂူး၊ ဂျွန်ပေါ(ခ)ပျားလေး(၂၅)နှစ်၊ မျိုးလှိုင်ဝင်း(ခ) ပါစကွားလယ်၊ (၂၄)နှစ်၊ ခွန်သောမတ်စ်၊(၂၆)နှစ်၊ ဒီးဒီ(ခ)စစ်မုန်း၊ ခူးရီဒူး(ခ)ခူးရီးရယ်၊(၂၄) နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားဖို့ကို မှတ်တမ်းဓာတ်ပုံ နဲ့ ကို ပေးပို့ထားတာရှိပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ခူကြူးဖဲကေး(ခ)ဂူးဂူး၊ ကို လွိုင်ကော်အကျဉ်ထောင် ထိမ်သိမ်းထားလျက်ရှိ ကျန်ရှိပြီး ကျန်ရှိတဲ့ သူများကိုလည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။


Share this post
https://www.facebook.com/1120229281493723/videos/880200625665918/