• Follow Us on

Home ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် NLD ပါတီနှင့် တွေ့ဆုံရာ၌ နှစ်ဘက်ပါတီနေရာမဟုတ်သည့် တတိယနေရာ၌သာ တွေ့ဆုံမည်

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် NLD ပါတီနှင့် တွေ့ဆုံရာ၌ နှစ်ဘက်ပါတီနေရာမဟုတ်သည့် တတိယနေရာ၌သာ တွေ့ဆုံမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KSDP ပါတီအနေဖြင့် NLD ပါတီနှင့် တွေ့ဆုံရာတွင် နှစ်ဘက်ပါတီနေရာ မဟုတ်သည့် တတိယနေရာ၌သာ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်း ရေးမှူး ဦးခူသဲရယ်က People Media ကို ပြောသည်။
 
“တွေ့ဆုံဆွေးနွေးမယ့်နေရာကိုတော့ ကျွန်တော်တို့ အဆိုပြုထားတဲ့ တတိယနေရာကို ဦးစားပေးဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်၊ သူတို့ဘက်က သူတို့မှာတွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ခံဆွေးနွေးဖို့ မရှိဘူး၊ ဘာဖြစ်လို့လည်းဆိုရင် သူ့ပါတီ ကိုယ့်ပါတီ ဆွဲယူမယ်ဆိုတဲ့ပုံစံမျိုးဆိုရင် အပေါ်စီး ကနေ စကားပြောနိုင်တဲ့အနေအထားမျိုးရှိသလို လွတ်လပ်တာလည်းမရှိဘူူးလို့ မြင်တာပေါ့” ဟု ဦးခူသဲရယ်က ဆိုသည်။
 
သို့ဖြစ်၍ နှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်ရန်အတွက် မိမိအနေဖြင့် တတိယနေရာကိုပဲ ရွေးချယ်ပါက အသင့်တော်ဆုံးဖြစ်မည်ဟု ယူဆရပါကြောင်း NLD ပါတီနှင့် တွေ့ဆုံဖြစ်ပါကလည်း ရာထူးကိစ္စ နေရာကိစ္စများကို ဦးစားပေးဆွေးနွေးမည်မဟုတ်ဘဲ နိုင်ငံရေးကိစ္စများ တိုင်းရင်းသားအရေးကိစ္စများကိုသာ ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခူသဲရယ်က ဆက်လက်ပြောသည်။
 
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံရန်အတွက် ပြီးခဲ့သည့် နှစ်ပတ်လောက်ခန့်က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ပြောဆိုထားသော်လည်း တွေ့ဆုံမည့် နေ့ရက်နှင့် နေရာကိုတော့ အတိအကျပြောကြားခြင်းမရှိခဲ့ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးခူသဲရယ်က ပြောသည်။
 
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ MUP တွေ့ဆုံရန် စီစဉ်ထားသော် လည်း မွန်ညီညွတ်ရေးပါတီမှ နှစ်ပါတီရုံးများမဟုတ်သည့် ကြားနေ တတိယနေရာတစ်ခုတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
 
ထိုတောင်းဆိုချက်ကို NLD ပါတီမှ လက်ခံခြင်းမရှိဘဲ တွေ့ဆုံမည့်နေရာအား အကြောင်းပြန်ကြားခြင်းမရှိသည့် အတွက် နှစ်ဘက်တွေ့ဆုံပွဲပျက်ခဲ့ရသည်။
 
Photo – KSDP
 
#PeopleMedia #Political #NLD #ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
 
(unicode)
……………………………………………………
 
 
 
 
 
 
 
 
Photo – KSDP
 

Share this post