• Follow Us on

Home ကယားျပည္နယ္ရွိ ႀကိဳတင္မဲပံုး လံုၿခံဳေရးႀကိဳးမ်ား ျပတ္ေတာက္ခံရမႈသည္ UEC မွာတာ၀န္ရွိေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီအတြင္းေရးမွဴးေျပာ

ကယားျပည္နယ္ရွိ ႀကိဳတင္မဲပံုး လံုၿခံဳေရးႀကိဳးမ်ား ျပတ္ေတာက္ခံရမႈသည္ UEC မွာတာ၀န္ရွိေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီအတြင္းေရးမွဴးေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၇
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲ ကယားျပည္နယ္၊ ေဘာလခဲခ႐ိုင္၊ မယ္စဲ့ၿမိဳ႕နယ္ရွိ ႀကိဳတင္မဲပံုးမ်ား ျပတ္ေတာက္မႈသည္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC မွာတာ၀န္ရွိေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီအတြင္းေရးမွဴး ဦးခူသဲရယ္ကေျပာပါတယ္။
အျခားေသာတိုင္းေဒသႀကီး ၿမိဳ႕နယ္မ်ားတြင္လည္း မဲစာရင္းစာအိတ္မ်ားမလုံျခင္းအပါအ၀င္ ႀကိဳတင္မဲပံုးမ်ား လံုျခံဳေရးႀကိဳးမ်ား ျပတ္ေတာက္ခံရမႈသည္ ျဖစ္ပြားေနသည့္အတြက္ လာမည့္ေရြးေကာက္ပဲြသည္ တရားမွ်တမႈရွိမရွိအေပၚတြင္ သံသယျဖစ္မိေၾကာင္း ၎ကဆိုပါတယ္။
“ကၽြန္ေတာ္တို႔အဲ့ဒါေတြလည္းသံသယျဖစ္ပါတယ္။ ဘာေၾကာင့္ဒီလိုျဖစ္တာလဲဆိုတာ ကၽြန္ေတာ္တို႔စဥ္းစားရခက္တာေပါ့ေနာ္။ အလားတူျမဳိ႕နယ္ေတြလည္းျဖစ္တာေပါ့ေနာ္။ ဒီလံုျခံဳေရးႀကိဳးကပဲမေကာင္းတာလား၊ လံုျခံဳေရးႀကိဳးပတ္တဲ့အခါမွာပဲေသခ်ာ မလုပ္တာလား နည္းလမ္းမမွန္တာလားေပါ့ စဥ္းစားစရာျဖစ္လာတာေပါ့။ လက္ရွိေရြးေကာက္ပဲြကေတာ့ တရားမွ်တမႈရွိပါ့ မလားဆိုတဲ့သံသယနဲ႔ ေစာင့္ၾကည့္ေနတဲ့အခ်ိန္ဒီလိုျဖစ္လာေတာ့ ပိုၿပီးေျပာစရာျဖစ္တာေပါ့။ UEC ကအဓိကတာ၀န္ရွိပါတယ္” ဦးခူသဲရယ္ကေျပာပါတယ္။
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲကို တရားမွ်တမႈရွိေသာ ေရြးေကာက္ပြဲျဖစ္လာေစမည္ဟု ကတိေပးေျပာၾကားထားေသာ္လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အထက္တြင္ လႊမ္းမိုးမႈမ်ားရွိေနေၾကာင္းလဲ ဆိုပါတယ္။
“UEC လို႔ေျပာတဲ့ေနရာမွာအမ်ားသိထားတဲ့အတိုင္း UECရဲ႕အထက္မွာလႊမ္းမိုးမႈတစ္ခ်ိဳ႕ရွိတယ္ဆိုတာလဲ ကၽြန္ေတာ္တို႔လဲ ေျပာခဲ့ၿပီးပါၿပီး။ အမ်ားယံုၾကည္တဲ့ေရြးေကာက္ပဲြျဖစ္ဖို႔အတြက္က UEC မွာတာ၀န္ရွိတယ္ဆိုတာေျပာခ်င္ပါတယ္”ဟု ဦးခူသဲရယ္ကေျပာပါတယ္။
အဆိုပါႀကိဳတင္မဲမ်ားသည္ မယ္စဲ့ၿမိဳ႕နယ္တြင္ ျပင္ပေရာက္မဲဆႏၵရွင္မ်ား၊မဲဆႏၵနယ္ျပင္ပေရာက္ တပ္မေတာ္သားမ်ားႏွင့္ အတူေနအိမ္ေထာင္စု၀င္မ်ားမွ ျပန္လည္ေပးပို႔လာေသာ ႀကိဳတင္ဆႏၵမဲ လက္မွတ္မ်ားထည့္သြင္းၿပီး ၿမိဳ႕နယ္ႀကိဳတင္မဲပံုးကို လံုၿခံဳေရးခ်ိတ္ထားျခင္ျဖစ္သည္ဟုကယားျပည္နယ္အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီေဖ့ဘြတ္စာမ်က္ႏွာတြင္ေဖာ္ျပထားသည္။
Photo – ကယားျပည္နယ္ NLD
#PeopleMedia
(unicode)
ကယားပြည်နယ်ရှိ ကြိုတင်မဲပုံး လုံခြုံရေးကြိုးများ ပြတ်တောက်ခံရမှုသည် UEC မှာတာဝန်ရှိကြောင်း ကယားပြည်နယ်ဒီ မိုကရက်တစ်ပါတီအတွင်းရေးမှူးပြော
…………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၇
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်ရှိ ကြိုတင်မဲပုံးများ ပြတ်တောက်မှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာတာဝန်ရှိကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဦးခူသဲရယ်ကပြောပါတယ်။
အခြားသောတိုင်းဒေသကြီး မြို့နယ်များတွင်လည်း မဲစာရင်းစာအိတ်များမလုံခြင်းအပါအဝင် ကြိုတင်မဲပုံးများ လုံခြုံရေးကြိုးများ ပြတ်တောက်ခံရမှုသည် ဖြစ်ပွားနေသည့်အတွက် လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုရှိမရှိအပေါ်တွင် သံသယဖြစ်မိကြောင်း ၎င်းကဆိုပါတယ်။
“ကျွန်တော်တို့အဲ့ဒါတွေလည်းသံသယဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာ ကျွန်တော်တို့စဉ်းစားရခက်တာပေါ့နော်။ အလားတူမြို့နယ်တွေလည်းဖြစ်တာပေါ့နော်။ ဒီလုံခြုံရေးကြိုးကပဲမကောင်းတာလား၊ လုံခြုံရေးကြိုးပတ်တဲ့အခါမှာပဲသေချာ မလုပ်တာလား နည်းလမ်းမမှန်တာလားပေါ့ စဉ်းစားစရာဖြစ်လာတာပေါ့။ လက်ရှိရွေးကောက်ပွဲကတော့ တရားမျှတမှုရှိပါ့ မလားဆိုတဲ့သံသယနဲ့ စောင့်ကြည့်နေတဲ့အချိန်ဒီလိုဖြစ်လာတော့ ပိုပြီးပြောစရာဖြစ်တာပေါ့။ UEC ကအဓိကတာဝန်ရှိပါတယ်” ဦးခူသဲရယ်ကပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်လာစေမည်ဟု ကတိပေးပြောကြားထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထက်တွင် လွှမ်းမိုးမှုများရှိနေကြောင်းလဲ ဆိုပါတယ်။
“UEC လို့ပြောတဲ့နေရာမှာအများသိထားတဲ့အတိုင်း UECရဲ့အထက်မှာလွှမ်းမိုးမှုတစ်ချို့ရှိတယ်ဆိုတာလဲ ကျွန်တော်တို့လဲ ပြောခဲ့ပြီးပါပြီး။ အများယုံကြည်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်က UEC မှာတာဝန်ရှိတယ်ဆိုတာပြောချင်ပါတယ်”ဟု ဦးခူသဲရယ်ကပြောပါတယ်။
အဆိုပါကြိုတင်မဲများသည် မယ်စဲ့မြို့နယ်တွင် ပြင်ပရောက်မဲဆန္ဒရှင်များ၊မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များမှ ပြန်လည်ပေးပို့လာသော ကြိုတင်ဆန္ဒမဲ လက်မှတ်များထည့်သွင်းပြီး မြို့နယ်ကြိုတင်မဲပုံးကို လုံခြုံရေးချိတ်ထားခြင်ဖြစ်သည်ဟုကယားပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။
Photo – ကယားပြည်နယ် NLD

Share this post