• Follow Us on

Home ကယားျပည္နယ္လႊတ္ေတာ္ကို ကလိမ္ကက်စ္က်ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ လႊတ္ေတာ္ဟု လူမႈကြန္ရက္၌ေရးသားသူအား ျပည္နယ္လႊတ္ေတာ္မွ အမႈဖြင့္

ကယားျပည္နယ္လႊတ္ေတာ္ကို ကလိမ္ကက်စ္က်ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ လႊတ္ေတာ္ဟု လူမႈကြန္ရက္၌ေရးသားသူအား ျပည္နယ္လႊတ္ေတာ္မွ အမႈဖြင့္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၈

ကယားျပည္နယ္လႊတ္ေတာ္ကို ကလိမ္ကက်စ္က်ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ လႊတ္ေတာ္ဟု လူမႈကြန္ရက္၌ေရးသားသူအား ျပည္နယ္လႊတ္ေတာ္မွ တည္ဆဲဥပေဒအရ အေရးယူႏိုင္ရန္ အမႈ ဖြင့္ခဲ့သည္။

အဆိုပါ ျဖစ္စဥ္မွာ Wai Phyo Oo Kozaw Facebook အေကာင့္သံုးစြဲသူသည္ “ကယားလႊတ္ေတာ္ကို အမည္ ေျပာင္းလိုက္သည္ ကလိမ္ကက်စ္က်ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဖြဲ႕စည္းထားေသာ လႊတ္ေတာ္ဟု ေျပာင္းလဲဖြဲ႕စည္းလိုက္သည္”ဟူ၍ ျဖစ္သည္။

ဆက္လက္ၿပီး ဒီမိုကေရစီနည္းလမ္း သေဘာသဘာ၀အရ ျပည္နယ္လႊတ္ေတာ္ကို ေ၀ဖန္အၾကံျပဳျခင္း မ်ဳိးမဟုတ္ဘဲ လႊတ္ေတာ္တစ္ခုလံုး၏ ပံုရိပ္ႏွင့္ဂုဏ္ သိကၡာကို ထိခိုက္ေစရန္ ေဆာင္ရြက္သည္ဟု ယူဆသျဖင့္ ဥပေဒႏွင့္အညီ အမႈဖြင့္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း မည္သည့္ပါတီ၊ ပုဂၢိဳလ္တို႔ကို ထိခိုက္လိုျခင္းမရွိေၾကာင္း ကယားျပည္နယ္လႊတ္ေတာ္႐ံုး၏ ေၾကညာခ်က္တြင္ ေရးသားထားသည္။

အလားတူပင္ ၎အေကာင့္ပိုင္ရွင္အား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ စက္တင္ဘာ ၇ ရက္ေန႔တြင္ တည္ဆဲဥပေဒ အရအေရးယူရန္ ကယားျပည္နယ္လႊတ္ေတာ္မွ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia

(unicode)
ကယားပြည်နယ်လွှတ်တော်ကို ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်ဟု လူမှုကွန်ရက်၌ရေးသားသူအား ပြည်နယ်လွှတ်တော်မှ အမှုဖွင့်
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၈

ကယားပြည်နယ်လွှတ်တော်ကို ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်ဟု လူမှုကွန်ရက်၌ရေးသားသူအား ပြည်နယ်လွှတ်တော်မှ တည်ဆဲဥပဒေအရ အရေးယူနိုင်ရန် အမှု ဖွင့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ Wai Phyo Oo Kozaw Facebook အကောင့်သုံးစွဲသူသည် “ကယားလွှတ်တော်ကို အမည် ပြောင်းလိုက်သည် ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းထားသော လွှတ်တော်ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်”ဟူ၍ ဖြစ်သည်။

ဆက်လက်ပြီး ဒီမိုကရေစီနည်းလမ်း သဘောသဘာဝအရ ပြည်နယ်လွှတ်တော်ကို ဝေဖန်အကြံပြုခြင်း မျိုးမဟုတ်ဘဲ လွှတ်တော်တစ်ခုလုံး၏ ပုံရိပ်နှင့်ဂုဏ် သိက္ခာကို ထိခိုက်စေရန် ဆောင်ရွက်သည်ဟု ယူဆသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မည်သည့်ပါတီ၊ ပုဂ္ဂိုလ်တို့ကို ထိခိုက်လိုခြင်းမရှိကြောင်း ကယားပြည်နယ်လွှတ်တော်ရုံး၏ ကြေညာချက်တွင် ရေးသားထားသည်။

အလားတူပင် ၎င်းအကောင့်ပိုင်ရှင်အား လွိုင်ကော်မြို့မရဲစခန်းတွင် စက်တင်ဘာ ၇ ရက်နေ့တွင် တည်ဆဲဥပဒေ အရအရေးယူရန် ကယားပြည်နယ်လွှတ်တော်မှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia


Share this post