• Follow Us on

Home ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ အယ္လ္ေဖာင္းရႈိ ေျမယာကိစၥ၊ ေငြစာရင္းအေကာင့္ဖြင့္ထားမႈအေပၚ စစ္ေဆးခံေနရ

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ အယ္လ္ေဖာင္းရႈိ ေျမယာကိစၥ၊ ေငြစာရင္းအေကာင့္ဖြင့္ထားမႈအေပၚ စစ္ေဆးခံေနရ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၀

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ အယ္လ္ေဖာင္းရႈိ ေျမယာကိစၥ၊ အျခားေငြစာရင္းအေကာင့္ဖြင့္ထားမႈအေပၚ စစ္ေဆးခံေနရေၾကာင္း ကယားျပည္နယ္ လႊတ္ေတာ္အမတ္အခ်ဳိ႕က အတည္ျပဳေျပာဆုိသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ကုိ အေရးယူရန္ ျပည္နယ္လႊတ္ေတာ္အမတ္ ေလးပုံတစ္ပုံမွ ဖြဲ႔စည္းပုံအေျခခံဥ ပေဒပုဒ္မ ၂၆၃(ခ)ပါ ျပ႒ာန္းခ်က္ႏွင့္အညီ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ထံ တင္ျပခဲ့ၾကသည္။

ထုိကဲ့သုိ႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲျပစ္တင္ျခင္းႏွင့္စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကုိ အဖြဲ႔ဝင္ (၅)ဦးႏွင့္ဖြဲ႔စည္းခဲ့ၿပီး ေတြ႔ရွိခ်က္မ်ားအေပၚ ၾသဂုတ္လ(၂၈)ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ထံ တင္ျပေပးရမည္ျဖစ္သည္။

အဆုိပါစုံစမ္းစစ္ေဆးေရးအဖြဲ႔၌ ဥကၠ႒အျဖစ္တာဝန္ယူသည့္ ဖရူဆုိၿမိဳ႕နယ္၊ ျပည္နယ္အမွတ္(၁)ကုိယ္စားလွယ္ ဦးသဲရယ္ကုိ People Media က ဆက္သြယ္ေမးျမန္းခဲ့သည္။

“ေလာေလာဆယ္ စာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာကိုပဲေသခ်ာေအာင္ စာရင္းစစ္ခ်ဳပ္ကို ေခၚယူေမးျမန္းတာ ေလာက္ပဲရွိပါေသးတယ္။ဒီေျမကိစၥနဲ႔ပတ္သက္လို႔ေတာ့ စည္ပင္နဲ႔ေျမစာရင္းကိုေခၚတာသူတို႔မလာဘူး။ လာမဲ့အပတ္ထဲမွာေတာ့ ၀န္ႀကီးခ်ဳပ္ကို စုံစမ္းစစ္ေဆးဖို႔စာပို႔ထားၿပီးၿပီ။ လာမဲ့အပတ္မွာေတာ့ ၀န္ႀကီးခ်ဳပ္ကို ယ္တိုင္ စုံစမ္းစစ္ေဆးခံရမွာျဖစ္ပါတယ္။ ကယားျပည္နယ္မွာ ကယားေရးရာပြဲက်င္းပဖို႔ေျမေနရာအဆို အဆိုကေအာင္ၿပီးၿပီ။အဲဒါကိုတျခားစီးပြားေရးလုပ္ငန္းေတြ၀င္ေရာက္လုပ္ကိုင္ေနတာေတြ ဒါေတြကမျဖစ္သ င့္ဘူး။၀န္ႀကီးခ်ဳပ္က ဥပေဒခ်ိဳးေဖာက္တယ္ဆိုၿပီးေတာ့မွ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စြပ္စြဲျပစ္တင္ ၾကတာ။ေနာက္တစ္ခုက စက္ယႏၲရားကိစၥေပါ့။ အရင္အစိုးရက၀ယ္ထားတဲ့ ၁၈ စီးကို ဒီဘက္အစိုးရမွာ ငွားရမ္းထားတဲ့ ေငြေၾကးေတြ ရန္ပုံေငြေတြကို ဒါကိုႏိုင္ငံေတာ္ ဘ႑ာေငြထဲမထည့္ဘဲ အျပင္မွာအေ ကာင့္တစ္ခုဖြင့္ၿပီး သူ႔ဘာသာအသုံးျပဳေနတာရွိတာေပါ့ေလ။ ဒါကိုလည္းစြပ္စြဲျပစ္တင္ၾကတာေပါ့’’ ဦးသဲရယ္(စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒)က ေျပာသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ လြိဳင္ေကာ္ၿမိဳ႕၌ စုိက္ထူထားသည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထုႏွင့္ ပတ္သက္ျပီး ေဒသခံမ်ားသည္ ပြတ္တုိက္မႈမ်ားလည္း ျဖစ္ေပၚခဲ့သည္။

#PeopleMedia #ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္

(unicode)
ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို မြေယာကိစ္စ၊ ငွေစာရင်းအကောင့်ဖွင့်ထားမှုအပေါ် စစ်ဆေးခံနေရ
………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၀

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို မြေယာကိစ္စ၊ အခြားငွေစာရင်းအကောင့်ဖွင့်ထားမှုအပေါ် စစ်ဆေးခံနေရကြောင်း ကယားပြည်နယ် လွှတ်တော်အမတ်အချို့က အတည်ပြုပြောဆိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူရန် ပြည်နယ်လွှတ်တော်အမတ် လေးပုံတစ်ပုံမှ ဖွဲ့စည်းပုံအခြေခံဥ ပဒေပုဒ်မ ၂၆၃(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြသည်။

ထိုကဲ့သို့ ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဖွဲ့ဝင် (၅)ဦးနှင့်ဖွဲ့စည်းခဲ့ပြီး တွေ့ရှိချက်များအပေါ် ဩဂုတ်လ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပေးရမည်ဖြစ်သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ဖရူဆိုမြို့နယ်၊ ပြည်နယ်အမှတ်(၁)ကိုယ်စားလှယ် ဦးသဲရယ်ကို People Media က ဆက်သွယ်မေးမြန်းခဲ့သည်။

“လောလောဆယ် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကိုပဲသေချာအောင် စာရင်းစစ်ချုပ်ကို ခေါ်ယူမေးမြန်းတာ လောက်ပဲရှိပါသေးတယ်။ဒီမြေကိစ္စနဲ့ပတ်သက်လို့တော့ စည်ပင်နဲ့မြေစာရင်းကိုခေါ်တာသူတို့မလာဘူး။ လာမဲ့အပတ်ထဲမှာတော့ ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးဖို့စာပို့ထားပြီးပြီ။ လာမဲ့အပတ်မှာတော့ ဝန်ကြီးချုပ်ကို ယ်တိုင် စုံစမ်းစစ်ဆေးခံရမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ကယားရေးရာပွဲကျင်းပဖို့မြေနေရာအဆို အဆိုကအောင်ပြီးပြီ။အဲဒါကိုတခြားစီးပွားရေးလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်နေတာတွေ ဒါတွေကမဖြစ်သ င့်ဘူး။ဝန်ကြီးချုပ်က ဥပဒေချိုးဖောက်တယ်ဆိုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင် ကြတာ။နောက်တစ်ခုက စက်ယန္တရားကိစ္စပေါ့။ အရင်အစိုးရကဝယ်ထားတဲ့ ၁၈ စီးကို ဒီဘက်အစိုးရမှာ ငှားရမ်းထားတဲ့ ငွေကြေးတွေ ရန်ပုံငွေတွေကို ဒါကိုနိုင်ငံတော် ဘဏ္ဍာငွေထဲမထည့်ဘဲ အပြင်မှာအ ေကာင့်တစ်ခုဖွင့်ပြီး သူ့ဘာသာအသုံးပြုနေတာရှိတာပေါ့လေ။ ဒါကိုလည်းစွပ်စွဲပြစ်တင်ကြတာပေါ့’’ ဦးသဲရယ်(စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ)က ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်မြို့၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုနှင့် ပတ်သက်ပြီး ဒေသခံများသည် ပွတ်တိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

#PeopleMedia #ကယားပြည်နယ်ဝန်ကြီးချုပ်


Share this post