• Follow Us on

Home ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုသည္ လွ်ိဳ႕၀ွက္ၿပီးလုပ္ေဆာင္တာမရွိသည့္အတြက္ အဂတိႏွင့္မၿငိေၾကာင္း မုံရြာေအာင္ရွင္ေျပာ

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုသည္ လွ်ိဳ႕၀ွက္ၿပီးလုပ္ေဆာင္တာမရွိသည့္အတြက္ အဂတိႏွင့္မၿငိေၾကာင္း မုံရြာေအာင္ရွင္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂
ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုမွာ လွ်ိဳ႕၀ွက္ၿပီးလုပ္ေဆာင္တာမရွိသည့္အတြက္ အဂတိႏွင့္မၿငိေၾကာင္း NLD ပါတီဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မုံရြာေအာင္ရွင္မွ ေျပာသည္။
အဆိုပါ ၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စုံစမ္းစစ္ ေဆးခြင့္မရွိေၾကာင္း အေၾကာင္းျပန္ၾကားစာႏွင့္ပတ္သက္ၿပီး NLD ပါတီ၏သေဘာထားအား People Media မွဆက္သြယ္ေမးျမန္းရာ ၄င္းမွအထက္ပါအတိုင္းေျပာၾကားခဲ့သည္။
“ဒီအဂတိနဲ႔ပတ္သက္လို႔ ပါတီကဘာမွမေျပာပါဘူး။ ဘာလို႔လဲဆိုရင္ အဂတိနဲ႔ၿငိမွမၿငိတာကိုး။ ဒါေၾကာင့္မို႔ ပါတီကဘာမွမေျပာတာေပါ့။ အဂတိနဲ႔ဆိုင္ရင္ သူ႔ဟာသူအဂတိကစြဲမွာေပါ့။ ဦးအယ္လ္ေဖာင္းရွိုက အဂတိနဲ႔ ပတ္သက္ၿပီး လွ်ိဳ႕၀ွက္ၿပီးလုပ္တာလည္း မရွိဘူးေလ။ ခုကလည္း ပြင့္ပြင့္လင္းလင္းပဲ ထင္သာျမင္သာတင္ျပ တာရွိတယ္ေလ။ သူ႔ရဲ့အသုံးစရိတ္ကို သူ၀န္ႀကီးခ်ဳပ္လုပ္ပိုင္ခြင့္ထဲကေနၿပီးေတာ့ ျပတာထားရွိတယ္။ ဒါေၾကာင့္ အဂတိနဲ႔မၿငိဘူးလို႔ ကၽြန္ေတာ္ေျပာတာပါ”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မုံရြာေအာင္ရွင္မွေျပာသည္။
ျပည္သူ႔ဘ႑ာသုံးစြဲမႈနဲ႔ပတ္သက္ၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုကို စုံစမ္း စစ္ေဆးေပးဖို႔ ဖ႐ူဆိုၿမိဳ႕နယ္အမွတ္ ၁ မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံ စက္တင္ဘာ ၈ ရက္က တိုင္ၾကားခဲ့တာပါ။
ဆက္လက္ၿပီး မုံရြာေအာင္ရွင္မွ “ပါတီကဒီကိစၥမွာ ဘာမွ၀င္မေျပာဘူး။ ဦးအယ္လ္ေဖာင္းရွိုကို လႊတ္ေတာ္မွာ စြပ္စြဲခံရတဲ့ကိစၥကိုပဲ ေျပာတာေလ။ ပါတီကေျပာတာက ထုတ္ျပန္ခ်က္မွာေျပာခဲ့တဲ့အတိုင္း ဒါကပုဂၢိဳလ္ေရး ကိစၥျဖစ္ တယ္ဆိုၿပီး ပါတီကသုံးသပ္တာေလ။ အခုအဂတိနဲ႔ၿငိရင္ အဂတိကလုပ္မွာေပါ့။ အခုအဂတိေကာ္မ တီက ဘာမွလုပ္စရာမလိုဘူး၊ စစ္ေဆးစရာမလိုဘူးေျပာတဲ့အတြက္ေၾကာင့္မို႔ ဒါအဂတိရဲ့သေဘာထားအတိုင္းပဲ ပါတီကဒီအတိုင္း ရပ္တည္မွာပဲေလ”ဟု ဆိုသည္။
အလားတူ ျပည္သူ႔ဘ႑ာေငြေတြနဲ႔ ဝယ္ယူထားတဲ့ စက္ယႏၲရားငွားရမ္းခရေငြေတြကို နိုင္ငံေတာ္ဘတ္ ဂ်က္သို႔ ေပးသြင္းျခင္းမရွိဘဲ လက္ဝယ္ကိုင္တြယ္ၿပီး ကိုယ္ေရးကိုယ္တာကိစၥေတြအတြက္သုံးစြဲျခင္းနဲ႔ ေဒသဖြံ့ၿဖိဳးေရးအေၾကာင္းျပကာ ဥပေဒ၊ စည္းမ်ဥ္းစည္း ကမ္းေတြ ေဖာက္ဖ်က္ၿပီး အဂတိလိုက္စား ေဆာင္ ရြက္ေနတဲ့ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ သက္ဆိုင္ရာတာဝန္ရွိ အဆင့္ဆင့္တို႔ကို စုံစမ္းေဖာ္ထုတ္ အေရးယူေပးဖို႔ တိုင္ၾကားစာမွာပါရွိသည္။
ယင္းကိစၥႏွင့္ပတ္သက္ၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရွိုကို တိုင္ၾကားထားတဲ့ကိစၥ စုံစမ္းစစ္ေဆးခြင့္မရွိေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စက္တင္ ဘာ ၃၀ ရက္စြဲနဲ႔ တိုင္ ၾကားသူထံ အေၾကာင္း ျပန္ၾကားခဲ့သည္။
Photo – ဦးအယ္ေဖာင္းရွို
#PeopleMedia #အဂတိ #မုံရြာေအာင္ရွင္
(Unicode)
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် လျှို့ဝှက်ပြီးလုပ်ဆောင်တာမရှိသည့်အတွက် အဂတိနှင့်မငြိကြောင်း မုံရွာအောင်ရှင်ပြော
………………………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၂
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုမှာ လျှို့ဝှက်ပြီးလုပ်ဆောင်တာမရှိသည့်အတွက် အဂတိနှင့်မငြိကြောင်း NLD ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်မှ ပြောသည်။
အဆိုပါ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ် ဆေးခွင့်မရှိကြောင်း အကြောင်းပြန်ကြားစာနှင့်ပတ်သက်ပြီး NLD ပါတီ၏သဘောထားအား People Media မှဆက်သွယ်မေးမြန်းရာ ၄င်းမှအထက်ပါအတိုင်းပြောကြားခဲ့သည်။
“ဒီအဂတိနဲ့ပတ်သက်လို့ ပါတီကဘာမှမပြောပါဘူး။ ဘာလို့လဲဆိုရင် အဂတိနဲ့ငြိမှမငြိတာကိုး။ ဒါကြောင့်မို့ ပါတီကဘာမှမပြောတာပေါ့။ အဂတိနဲ့ဆိုင်ရင် သူ့ဟာသူအဂတိကစွဲမှာပေါ့။ ဦးအယ်လ်ဖောင်းရှိုက အဂတိနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပြီးလုပ်တာလည်း မရှိဘူးလေ။ ခုကလည်း ပွင့်ပွင့်လင်းလင်းပဲ ထင်သာမြင်သာတင်ပြ တာရှိတယ်လေ။ သူ့ရဲ့အသုံးစရိတ်ကို သူဝန်ကြီးချုပ်လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ ပြတာထားရှိတယ်။ ဒါကြောင့် အဂတိနဲ့မငြိဘူးလို့ ကျွန်တော်ပြောတာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်မှပြောသည်။
ပြည်သူ့ဘဏ္ဍာသုံးစွဲမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စုံစမ်း စစ်ဆေးပေးဖို့ ဖရူဆိုမြို့နယ်အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ စက်တင်ဘာ ၈ ရက်က တိုင်ကြားခဲ့တာပါ။
ဆက်လက်ပြီး မုံရွာအောင်ရှင်မှ “ပါတီကဒီကိစ္စမှာ ဘာမှဝင်မပြောဘူး။ ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်မှာ စွပ်စွဲခံရတဲ့ကိစ္စကိုပဲ ပြောတာလေ။ ပါတီကပြောတာက ထုတ်ပြန်ချက်မှာပြောခဲ့တဲ့အတိုင်း ဒါကပုဂ္ဂိုလ်ရေး ကိစ္စဖြစ် တယ်ဆိုပြီး ပါတီကသုံးသပ်တာလေ။ အခုအဂတိနဲ့ငြိရင် အဂတိကလုပ်မှာပေါ့။ အခုအဂတိကော်မ တီက ဘာမှလုပ်စရာမလိုဘူး၊ စစ်ဆေးစရာမလိုဘူးပြောတဲ့အတွက်ကြောင့်မို့ ဒါအဂတိရဲ့သဘောထားအတိုင်းပဲ ပါတီကဒီအတိုင်း ရပ်တည်မှာပဲလေ”ဟု ဆိုသည်။
အလားတူ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားငှားရမ်းခရငွေတွေကို နိုင်ငံတော်ဘတ် ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက်သုံးစွဲခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းတွေ ဖောက်ဖျက်ပြီး အဂတိလိုက်စား ဆောင် ရွက်နေတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာတာဝန်ရှိ အဆင့်ဆင့်တို့ကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားစာမှာပါရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို တိုင်ကြားထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင် ဘာ ၃၀ ရက်စွဲနဲ့ တိုင် ကြားသူထံ အကြောင်း ပြန်ကြားခဲ့သည်။
Photo – ဦးအယ်ဖောင်းရှို
#PeopleMedia #အဂတိ #မုံရွာအောင်ရှင်


Share this post