• Follow Us on

Home ကယားပြည်နယ်၊ ဖယ်ခုံမြို့၊ ကုန်းသာတိုက်ပွဲတွင် ကျဆုံးသွားသော PDF အဖွဲ့ဝင် ၄ ဦးကို ယနေ့ သဂြိုလ် 

ကယားပြည်နယ်၊ ဖယ်ခုံမြို့၊ ကုန်းသာတိုက်ပွဲတွင် ကျဆုံးသွားသော PDF အဖွဲ့ဝင် ၄ ဦးကို ယနေ့ သဂြိုလ် 

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀ (People Media)

 

ကယားပြည်နယ်၊ ဖယ်ခုံမြို့၊ ကုန်းသာတိုက်ပွဲကျဆုံးသွားသော အဖွဲ့ဝင် ၄ ဦးကို ယနေ့တွင် သဂြိုလ်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

သေဆုံးသူ လေးဦးမှာ၊ မောင်ပါစကွားလယ်၊ မောင်မားရ်ကို့၊ မောင်နို့၊ မောင်မြမောင်တို့ ဖြစ်ကြောင်း ၎င်းတို့၏ ရုပ်အလောင်းများကို ၃၀-၉-၂၀၂၁ ရက်နေ့ နံနက် (၇) နာရီအချိန် ၎င်းတို့၏ဇာတိ ကျေးရွာသုဿန်တွင် သဂြိုလ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဖယ်ခုံမြို့ PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ PDF အဖွဲ့ဝင်လေးဦး သေဆုံးခြင်းနှင့်ပတ်သက်၍ ရဲဘော်တို့အား သူရဲကောင်းများအဖြစ်ဂုဏ်ပြုမှတ် တမ်းတင်လျှက်ရှိပြီး ကောင်းရာသုကတိလားပါစေကြောင်း၊ စစ်ကျွန်ဘဝနဲ့ တစ်သက်လုံးနေသွားတာထက်စာ ရင် လွတ်မြောက်ဖို့၊ အများကောင်းကျိုးအတွက်၊ တရားမျှတမှုအတွက် တော်လှန်ရင်း အသက်ပေးဆပ်တာ ပိုပြီး ကြီးမြတ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ဖယ်ခုံPDF

 

(unicode)


……………………………………………………………………….

 


 


 


 


 



Share this post