• Follow Us on

Home ကယားပြည်နယ်၌ တပ်မတော်အထိုင်စခန်းဖြစ်သည့် ကျားပါးစပ်ကြီးစခန်းကို KNPP/PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တပ်မတော်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့

ကယားပြည်နယ်၌ တပ်မတော်အထိုင်စခန်းဖြစ်သည့် ကျားပါးစပ်ကြီးစခန်းကို KNPP/PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တပ်မတော်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈ (People Media)

 

ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက်ဒေသရှိ တပ်မတော်၏ ကျားပါးစပ်ကြီးစခန်းကို ဇန်နဝါရီ ၇ ရက်နေ့ နံနက်အစောပိုင်းက KNPP/PDF ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

 

အဆိုပါ စခန်းအား KNPP အဖွဲ့နှင့် PDF အဖွဲ့မှ အင်အားအလွန်အကျွံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ စစ်နည်းဗျူဟာမြောက်အရ ခေတ္တဆုတ်ခွာပေးခဲ့ပြီး ယင်းနေ့မွန်းလွဲပိုင်းတွင်လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့သည့်အပြင် လေကြောင်းပို့ဆောင်မှု ဖြင့် တပ်ကူများ ဖြစ်စဉ်နေရာအနီးတစ်ဝိုက် အမြန်ဆုံးဖြည့်တင်းခြင်း ဆောင်ရွက်ခဲ့ခြင်းကြောင်း မွန်းလွဲပိုင်းတွင် အဆိုပါ စခန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါကဲ့သို့ တန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့သည့်အတွက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များသည် အကြမ်းဖက်အဖွဲ့များ အရှေ့မြောက်ဘက်သို့ သေဆုံး၊ ဒဏ်ရာရာရှိမှုများစွာဖြင့် ဆုတ်ခွာသွားခဲ့ ကြောင်း အထက်ပါဖြစ်စဉ်တွင် မိမိတပ်မတော် အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် အဖွဲ့များထံမှ အလောင်းနှင့် လက်နက်/ခဲယမ်းအချို့ အပါအဝင် ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိအချိန်၌ ကယားပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ၏ အိုးအိမ်များ ပျက်စီးခဲ့သလို ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရလျက်ရှိသည်။

 

ကယားပြည်နယ်၌ နှစ်ဘက်တိုက်ပွဲများကြောင့် နှစ်ဘက်တပ်ဖွဲ့များ အကျအဆုံးများရှိနေသလို ဒေသခံ ပြည်သူများလည်း လက်နက်ထိမှန်၍ သေဆုံးလျက်ရှိသည်။

 

ကယားပြည်နယ်သည် ယနေ့အချိန်ထိ စစ်ဆေးတင်းမာလျက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။

 

Photo – (န-စ-က)

 

#PeopleMedia #ကယားပြည်နယ်

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 



Share this post