• Follow Us on

Home ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ထားသည့္ ေျမယာကိစၥ ကုိစစ္ေဆးရန္ ေျမစာရင္းႏွင့္စည္ပင္ကိုဆင့္ေခၚရာတြင္ တည္ဆဲ နည္းဥပေဒတြင္မပါ၀င္၍ မလာႏိုင္ဟုစုံစမ္းေရးအဖြဲ႔ကို အေၾကာင္းျပန္

ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ထားသည့္ ေျမယာကိစၥ ကုိစစ္ေဆးရန္ ေျမစာရင္းႏွင့္စည္ပင္ကိုဆင့္ေခၚရာတြင္ တည္ဆဲ နည္းဥပေဒတြင္မပါ၀င္၍ မလာႏိုင္ဟုစုံစမ္းေရးအဖြဲ႔ကို အေၾကာင္းျပန္

Share this post

ရန္ကုန္၊ၾသဂုတ္လ ၂၁

ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ အယ္လ္ေဖာင္းရႈိကို စြပ္စြဲျပစ္တင္ထားသည့္ ေျမယာကိစၥ ကုိ စစ္ေဆးရန္ ေျမစာရင္းႏွင့္စည္ပင္ကို ဆင့္ေခၚရာတြင္ နည္းဥပေဒတြင္မပါ၀င္၍ မလာႏိုင္ဟုစုံစမ္းေရးအဖြဲ႔ကို အေၾကာင္းျပန္ခဲ့သည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ကို စုံစမ္းေနသည့္အေၾကာင္းအရာႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၁ရက္၌ people media က စုံစမ္းစစ္ေဆးေရးအဖြဲ႔ ဥကၠ႒ ဖ႐ူဆိုျမဳိ႔နယ္ မဲဆႏၵနယ္အမွတ္၁ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္ကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

“ကယားေန႔ပြဲေတာ္က်င္းပေရးေျမေနရာ ဒီေနရာမွာ တစ္ျခားလုပ္ငန္းေဆာင္ရြက္ခြင့္ျပဳထားတာ။ ဒါကိုလႊတ္ေတာ္ကိုယ္စား လွယ္ေတြကစြပ္စြဲျပစ္တင္ထားတာ။ေျမကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ စည္ပင္နဲ႔ေျမစာရင္းကို စစ္ေဆးဖို႔ေခၚယူတာသူတို႔မလာဘူးေပါ့။ သူတို႔မလာရတဲ့အေၾကာင္းအရင္းကေတာ့ ကြ်န္ေတာ္တို႔ကို နည္းဥပေဒအရေခၚယူစစ္ေဆးေမးျမန္းတာမဟုတ္ဘဲ အခုလို ေခၚတာသူတို႔မလာႏိုင္ဘူးေပါ့။ အဲဒီလိုျပန္အေၾကာင္းၾကားတယ္။ အဲဒီလိုဆိုေတာ့ ကြ်န္ေတာ္တို႔လည္းမေခၚေတာ့ဘူး။ ၀န္ႀကီးခ်ဳပ္ကိုပဲ အခုလာမဲ့အပတ္မွာ စစ္ေဆးေတာ့မယ္။ သူတို႔ စည္ပင္နဲ႔ေျမစာရင္းကေတာ့ အခုလိုအပ္လို႔ရွိရင္ ေခၚပါဆိုၿပီး စာျပန္၀င္လာပါေသးတယ္။မေခၚေတာ့ပါဘူး’’ဟု ၎ကေျပာသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိသည္ ကယားပြဲေတာ္က်င္းပေရးေျမေနရာ အဆိုေအာင္ထားသည့္ေနရာတြင္ အျခားလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ စက္ယႏၲရား ၁၈ စီးကို ငွားရမ္းထားသည့္ေငြေၾကးမ်ား ႏိုင္ငံေတာ္ဘ႑ာအေကာင့္တြင္ ဖြင့္မထားဘဲ အျခားေငြစာရင္းဖြင့္လွစ္ အသုံးျပဳေနမႈတို႔အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက ဖြဲ႔စည္းပုံအေျခ ခံဥပေဒအရ စြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ၎ျဖစ္ရပ္မ်ားကို စစ္ေဆးရန္ကယားျပည္နယ္လႊတ္ေတာ္က အဖြဲ႔၀င္ ၅ဦးပါ၀င္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႔ကို ဖြဲ႔စည္းေပးထားၿပီး ကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ ထံ ၾသဂုတ္လ ၂၈ရက္ေနာက္ဆုံးထား တင္ျပရမည္ျဖစ္သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔ #ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္

(unicode)
ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားသည့် မြေယာကိစ္စ ကိုစစ်ဆေးရန် မြေစာရင်းနှင့်စည်ပင်ကိုဆင့်ခေါ်ရာတွင် တည်ဆဲ နည်းဥပဒေတွင်မပါဝင်၍ မလာနိုင်ဟုစုံစမ်းရေးအဖွဲ့ကို အကြောင်းပြန်
………………………………………………

ရန်ကုန်၊ဩဂုတ်လ ၂၁

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ထားသည့် မြေယာကိစ္စ ကို စစ်ဆေးရန် မြေစာရင်းနှင့်စည်ပင်ကို ဆင့်ခေါ်ရာတွင် နည်းဥပဒေတွင်မပါဝင်၍ မလာနိုင်ဟုစုံစမ်းရေးအဖွဲ့ကို အကြောင်းပြန်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စုံစမ်းနေသည့်အကြောင်းအရာနှင့်ပတ်သက်၍ ဩဂုတ်လ ၂၁ရက်၌ people media က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကို ဆက်သွယ်မေးမြန်းခဲ့သည်။

“ကယားနေ့ပွဲတော်ကျင်းပရေးမြေနေရာ ဒီနေရာမှာ တစ်ခြားလုပ်ငန်းဆောင်ရွက်ခွင့်ပြုထားတာ။ ဒါကိုလွှတ်တော်ကိုယ်စား လှယ်တွေကစွပ်စွဲပြစ်တင်ထားတာ။မြေကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်ပင်နဲ့မြေစာရင်းကို စစ်ဆေးဖို့ခေါ်ယူတာသူတို့မလာဘူးပေါ့။ သူတို့မလာရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့ကို နည်းဥပဒေအရခေါ်ယူစစ်ဆေးမေးမြန်းတာမဟုတ်ဘဲ အခုလို ခေါ်တာသူတို့မလာနိုင်ဘူးပေါ့။ အဲဒီလိုပြန်အကြောင်းကြားတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့လည်းမခေါ်တော့ဘူး။ ဝန်ကြီးချုပ်ကိုပဲ အခုလာမဲ့အပတ်မှာ စစ်ဆေးတော့မယ်။ သူတို့ စည်ပင်နဲ့မြေစာရင်းကတော့ အခုလိုအပ်လို့ရှိရင် ခေါ်ပါဆိုပြီး စာပြန်ဝင်လာပါသေးတယ်။မခေါ်တော့ပါဘူး’’ဟု ၎င်းကပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပွဲတော်ကျင်းပရေးမြေနေရာ အဆိုအောင်ထားသည့်နေရာတွင် အခြားလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ယန္တရား ၁၈ စီးကို ငှားရမ်းထားသည့်ငွေကြေးများ နိုင်ငံတော်ဘဏ္ဍာအကောင့်တွင် ဖွင့်မထားဘဲ အခြားငွေစာရင်းဖွင့်လှစ် အသုံးပြုနေမှုတို့အပေါ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းဖြစ်ရပ်များကို စစ်ဆေးရန်ကယားပြည်နယ်လွှတ်တော်က အဖွဲ့ဝင် ၅ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံ ဩဂုတ်လ ၂၈ရက်နောက်ဆုံးထား တင်ပြရမည်ဖြစ်သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့ #ကယားပြည်နယ်ဝန်ကြီးချုပ်


Share this post