• Follow Us on

Home ကယားပြည်နယ် NDF ပါတီဥက္ကဋ္ဌအား ဓားဖြင့်ဝိုင်းထိုး၍ ပွဲချင်းပြီးသေဆုံး

ကယားပြည်နယ် NDF ပါတီဥက္ကဋ္ဌအား ဓားဖြင့်ဝိုင်းထိုး၍ ပွဲချင်းပြီးသေဆုံး

Share this post

လွိုင်ကော်၊ သြဂုတ် ၁၄ (People Media)

 

ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးဟန်သာကို လူတစ်စုမှ ဓားဖြင့် ဝိုင်းထိုးခဲ့မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း လွိုင်ကော်မြို့ လူမှုကူညီရေးအသင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်မှာ နေထိုင်ပြီး (လျှပ်စစ်ပြုပြင်ရေး) ဆိုင်ဖွင့်လှစ်ထားသည့် ကယား ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဦးဟန်သာသည် ယမန်နေ့နေ့လည်ပိုင်းက နေအိမ်တွင် ရှိနေစဉ် အမည်မသိ လူ (၄) ဦး ရောက်လာပြီး တီဗွီပြင်ချင်သည်ဟုဆိုကာ နေအိမ်ထဲဝင်ရောက်ခဲ့ကြောင်း ပြီးနောက်ဦးဟန်သာကို ဓားဖြင့် ဝိုင်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ဦးဟန်သာမှာ လည်ပင်းနှင့် ဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများကြောင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #NDF #ကယား

 

(unicode)

ကယားပွညျနယျ NDF ပါတီဥက်ကဋ်ဌအား ဓားဖွင့ျဝိုငျးထိုး၍ ပှဲခငြျးပွီးသဆေုံး

………………………………………………………..

 


 


 


 


 



Share this post