• Follow Us on

Home ကယား၊ ကရင်၊ မွန်၊ ရှမ်းနှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူ (၁၇၀,၀၀၀) ကျော် ရှိနေကြောင်း UNHCR ထုတ်ပြန်

ကယား၊ ကရင်၊ မွန်၊ ရှမ်းနှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူ (၁၇၀,၀၀၀) ကျော် ရှိနေကြောင်း UNHCR ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈ (People Media)

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကိန်းဂဏန်းများအရ တိုက်ပွဲများကြောင့် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရပ်စွန့် ခွာလာသူ ၁၇၃,၅၀၀ ခန့် ရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် ၇၀၀ ကျော်များပြား လာတာဖြစ် တယ်လို့ United Nations OCHA Myanmar မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား များနေရပ်စွန့်ခွာထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီး၊ တိုက်ပွဲတွေနေ့စဉ်လို ဖြစ်ပွားနေကာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ OCHA မှ ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူတွေရှိပြီး အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေရဲ့ လူဦးရေကိုတော့ အတည်ပြုလို့မရနိုင်သေးဘူးလို့ OCHA မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #UNHCR

 

(unicode)


…………………………………………………………

 


 


 


 


 

#PeopleMedia #UNHCR


Share this post