• Follow Us on

Home ကယ်လီဖိုးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူလေးဦး သေဆုံး

ကယ်လီဖိုးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူလေးဦး သေဆုံး

Share this post

No description available.

No description available.

နိုင်ငံတကာ၊ သြဂုတ် ၂ (People Media)

 

အမေရိကန်နိုင်ငံအနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ကိုလူဆာကောင်တီ၌ ယမန်နေ့ နေ့လည်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူလေးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

အမှတ် ၄၅ အဝေးပြေးလမ်းမကြီးအနီး ဒေသစံတော်ချိန် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရဟတ်ယာဉ်ပျက်ကျသော သတင်းတစ်ရပ်ရရှိခဲ့ကြောင်း ကိုလူတာကောင်တီ ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့သည်။

 

ရဟတ်ယာဉ်ပေါ်၌ လူလေးဦးပါရှိခဲ့ပြီး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။

 

စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရဟတ်ယာဉ်ပျက်ကျမှုတွင် မြင်တွေ့ခဲ့သောသူများကို မေးမြန်းနေ ကြောင်း ကောင်တီရဲတပ်ဖွဲ့က ပြောကြားသည်။

 

ကိုလူတာကောင်တီက ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆက်ခရာမန်တိုမြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကယ်လီဖိုးနီးယား စင်ထရယ်ဗယ်လီ၌ တည်ရှိသည်။

 

Ref; 4 killed in helicopter crash in U.S. California

 

#PeopleMedia #EPN #international #အမေရိကန်

 

(unicode)


……………………………………………………..

 


 


 


 


 


 


 

Ref; 4 killed in helicopter crash in U.S. California

 



Share this post