• Follow Us on

Home ကရင်နီပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ပုံမှန်ရုံးပြန်တက်ပါက ကောင်စီထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီအဖွဲ့ထုတ်ပြန်

ကရင်နီပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ပုံမှန်ရုံးပြန်တက်ပါက ကောင်စီထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီအဖွဲ့ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

ကရင်နီပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ပုံမှန်ရုံးပြန်တက်ပါက ကောင်စီထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီအဖွဲ့မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

 

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နစက ဒုခေါင်းဆောင် လာရောက်ချိန်တွင် ဌာနဆိုင်ရာဝန်ထမ်း များအနေနှင့် မိမိတို့ရာထူးတာဝန်အလိုက် ဖေဖော်ဝါရီ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး၊ ပုံမှန်ရုံးပြန်တက်ပြီး တာဝန်ထမ်းဆောင်ကြရန် ပြောဆိုခဲ့သည့်အပေါ် နားယောင်ပြီး ဆောင်ရွက်ခြင်းမပြုရန် ကရင်နီအဖွဲ့မှ ထုတ် ပြန်ထားခြင်းဖြစ်သည်။

 

သို့ဖြစ်ပါ၍ ကောင်စီ၏ အခြေခံကျသော နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား ယန္တရားများ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိစေရေနှင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ (၂၅)ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တာဝန် ထမ်းဆောင်ကြရန် ခေါ်ယူခြင်းအပေါ် လုံးဝလက်ခံခြင်းမပြုကြရန်နှင့် လက်ခံသူ မည်သူကိုမဆို ကောင်စီအား ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 

#PeopleMedia


Share this post