• Follow Us on

Home ကရင္ရိုးရာဒုံးယိမ္းအကကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ရန္ ယူနက္စကိုသို႔ မတ္လ၌ တင္သြင္းသြားမည္

ကရင္ရိုးရာဒုံးယိမ္းအကကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ရန္ ယူနက္စကိုသို႔ မတ္လ၌ တင္သြင္းသြားမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကရင္ရိုးရာဒုံးယိမ္းအကကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ရန္ ယူနက္စကိုသို႔ မတ္လ၌ အၿပီးသတ္ တင္သြင္းသြားမည္ ျဖစ္ေၾကာင္း ကရင္ျပည္နယ္အစိုးရမွဖြဲ႕စည္းထားသည့္ ကႀကိဳးကကြက္အဖြဲ႕ေခါင္းေဆာင္ ေစာျမင့္သူက ေျပာသည္။
 
အဆိုပါကရင္ရိုးရာဒုံးယိမ္းအကကုိ ယူနက္စကိုသို႔ အၿပီးသတ္တင္သြင္းမည့္ကိစၥရပ္ႏွင့္ပတ္သက္၍ People Media မွ ဆက္သြယ္ေမးျမန္းရာ ၎ကအထက္ပါအတိုင္းေျပာၾကားခဲ့သည္။
 
“ကြင္းဆင္းတာကိုေတာ့ ဒီဇင္ဘာလကုန္အၿပီးလုပ္ရမယ္။ ကြင္းဆင္းၿပီးေတာ့ လာမယ့္ ဇန္နဝါရီလကေနစၿပီး ေတာ့ စာတမ္းေတြျပဳစုရပါမယ္။ သူတို႔က ၃ လပိုင္းအၿပီး တင္ရမယ္ျပာပါတယ္။ ႏွစ္လကေတာ့ စာတမ္းေတြ အၿပီးလုပ္ရမွာပါ” ဟု ေစာျမင့္သူ(ကႀကိဳးကကြက္အဖြဲ႕ေခါင္းေဆာင္)မွေျပာသည္။
 
ဆက္လက္ၿပီး ၎က “ျပည္နယ္တိုင္းအားလုံးက ယဥ္ေက်းမႈေတြကိုတင္သြင္းဖို႔ ကြၽန္ေတာ္တို႔ကိုေခါင္းစဥ္ေပးထားပါ တယ္။ ကရင္ရိုးရာဒုံးအကနဲ႔ ေကာက္သစ္စားပြဲေခါင္းစဥ္ႏွစ္ခုေပးပါတယ္။ ေကာက္သစ္စားပြဲက အျခားတိုင္းရင္းသား ေတြမွာလည္း ရွိတယ္ေလ။ ဆင္တူရိုးမွားျဖစ္မွာဆိုးတာနဲ႔ ထူးထူးျခားျခား ကရင္ရိုးရာဒုံးအကက်ေတာ့ ဘယ္တိုင္းရင္းသား မွမရွိတဲ့အတြက္ ကရင္ရိုးရာဒုံးအကပဲ ေ႐ြးၿပီးေတာ့ ရိုးရာယဥ္ေက်းမႈအေနနဲ႔ တင္သြင္းဖို႔” ဟု ဆိုသည္။
 
ထို႔အျပင္ ကရင္ရိုးရာဒုံးအကတြင္ ေခတ္ႀကီးေလးေခတ္ရွိေၾကာင္း၊ ေရွးေခတ္၊ ပေဒသရာဇ္ေခတ္၊ ကိုလိုနီေခတ္၊ မ်က္ ေမွာက္ေခတ္ဒုံးအကဟူ၍ အပိုင္းေလးပိုင္းကို ယူနက္စကိုသို႔ တင္သြင္းရန္ျပင္ဆင္ထားသည္ဟုလည္းဆိုသည္။
 
ကမာၻ႔အေမြအႏွစ္အျဖစ္ စာရင္း၀င္ခဲ့လွ်င္ ရရွိလာမည့္အက်ိဳးအျမတ္ကို ၎က “ယူနက္စကို၀င္ခဲ့ရင္ ကြၽန္ေတာ္တို႔ရဲ႕ တိုင္းရင္းသားရိုးရာအကကို ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္အေနနဲ႕ မွတ္ပုံတင္သလိုျဖစ္သြားမွာ။ ၿပီးေတာ့ ၀တ္စား ဆင္ယင္မႈ၊ အက၊ သီခ်င္း၊ တူရိယာအကုန္လုံး နိုင္ငံတကာကလည္း သိျမင္လာမယ္။ ကမာၻ႔အေမြအႏွစ္အျဖစ္ အထိန္းအသိမ္းခံရတဲ့အတြက္ ဘယ္ေတာ့မွမေပ်ာက္နိုင္ေတာ့ဘူး။ တကယ္လို႔ တစ္ခုခု ယူသုံးမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ဆီမွာ ခြင့္ေတာင္းရေတာ့မွာေပါ့။ ခြင့္ေတာင္းၿပီးမွ ယူလို႔ရတဲ့အေနအထားမ်ိဳးျဖစ္သြားတာေပါ့။ ျပည္နယ္အတြက္ေရာ၊ နိုင္ငံေတာ္အတြက္ေရာ အမ်ားႀကီးအက်ိဳးရွိသြားမယ္လို႔ ယူဆပါတယ္”ဟု ဆိုသည္။
ယင္းကရင္ဒုံးအကကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ကရင္လူမ်ိဳးမ်ားတန္ဖိုးထားထိန္းသိမ္းလာခဲ့သည့္အကျဖစ္ၿပီး တိုင္းရင္းသားအကမ်ားထဲတြင္ ကရင္ဒုံးအကသည္ ျမဴးႂကြတက္ႂကြမႈရွိေသာ အကတစ္မ်ိဳးျဖစ္သည္။
 
အဆိုပါ ကရင္ဒုံးအကသည္ လူမႈေရးလုပ္ငန္းကို စုေပါင္းလုပ္ေဆာင္ရာမွ စတင္ေပၚေပါက္လာခဲ့ၿပီး ညီၫြတ္ျခင္း၏ သေကၤတအကျဖစ္သည္ဟုဆိုသည္။
 
Photo – Saw Khin Maung Aye
 
#PeopleMedia #ကရင္ျပည္နယ္အစုိးရအဖြဲ႔ #ယူနက္စကုိ #ဦးေစာျမင့္ #ကရင္ရိုးရာဒုံးယိမ္းအက
 
(unicode)
ကရင်ရိုးရာဒုံးယိမ်းအကကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုသို့ မတ်လ၌ တင်သွင်းသွားမည်
………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကရင်ရိုးရာဒုံးယိမ်းအကကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုသို့ မတ်လ၌ အပြီးသတ် တင်သွင်းသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရမှဖွဲ့စည်းထားသည့် ကကြိုးကကွက်အဖွဲ့ခေါင်းဆောင် စောမြင့်သူက ပြောသည်။
 
အဆိုပါကရင်ရိုးရာဒုံးယိမ်းအကကို ယူနက်စကိုသို့ အပြီးသတ်တင်သွင်းမည့်ကိစ္စရပ်နှင့်ပတ်သက်၍ People Media မှ ဆက်သွယ်မေးမြန်းရာ ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့သည်။
 
“ကွင်းဆင်းတာကိုတော့ ဒီဇင်ဘာလကုန်အပြီးလုပ်ရမယ်။ ကွင်းဆင်းပြီးတော့ လာမယ့် ဇန်နဝါရီလကနေစပြီး တော့ စာတမ်းတွေပြုစုရပါမယ်။ သူတို့က ၃ လပိုင်းအပြီး တင်ရမယ်ပြာပါတယ်။ နှစ်လကတော့ စာတမ်းတွေ အပြီးလုပ်ရမှာပါ” ဟု စောမြင့်သူ(ကကြိုးကကွက်အဖွဲ့ခေါင်းဆောင်)မှပြောသည်။
 
ဆက်လက်ပြီး ၎င်းက “ပြည်နယ်တိုင်းအားလုံးက ယဉ်ကျေးမှုတွေကိုတင်သွင်းဖို့ ကျွန်တော်တို့ကိုခေါင်းစဉ်ပေးထားပါ တယ်။ ကရင်ရိုးရာဒုံးအကနဲ့ ကောက်သစ်စားပွဲခေါင်းစဉ်နှစ်ခုပေးပါတယ်။ ကောက်သစ်စားပွဲက အခြားတိုင်းရင်းသား တွေမှာလည်း ရှိတယ်လေ။ ဆင်တူရိုးမှားဖြစ်မှာဆိုးတာနဲ့ ထူးထူးခြားခြား ကရင်ရိုးရာဒုံးအကကျတော့ ဘယ်တိုင်းရင်းသား မှမရှိတဲ့အတွက် ကရင်ရိုးရာဒုံးအကပဲ ရွေးပြီးတော့ ရိုးရာယဉ်ကျေးမှုအနေနဲ့ တင်သွင်းဖို့” ဟု ဆိုသည်။
 
ထို့အပြင် ကရင်ရိုးရာဒုံးအကတွင် ခေတ်ကြီးလေးခေတ်ရှိကြောင်း၊ ရှေးခေတ်၊ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ မျက် မှောက်ခေတ်ဒုံးအကဟူ၍ အပိုင်းလေးပိုင်းကို ယူနက်စကိုသို့ တင်သွင်းရန်ပြင်ဆင်ထားသည်ဟုလည်းဆိုသည်။
 
ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့လျှင် ရရှိလာမည့်အကျိုးအမြတ်ကို ၎င်းက “ယူနက်စကိုဝင်ခဲ့ရင် ကျွန်တော်တို့ရဲ့ တိုင်းရင်းသားရိုးရာအကကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အနေနဲ့ မှတ်ပုံတင်သလိုဖြစ်သွားမှာ။ ပြီးတော့ ဝတ်စား ဆင်ယင်မှု၊ အက၊ သီချင်း၊ တူရိယာအကုန်လုံး နိုင်ငံတကာကလည်း သိမြင်လာမယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် အထိန်းအသိမ်းခံရတဲ့အတွက် ဘယ်တော့မှမပျောက်နိုင်တော့ဘူး။ တကယ်လို့ တစ်ခုခု ယူသုံးမယ်ဆိုရင်တောင် ကျွန်တော်တို့ဆီမှာ ခွင့်တောင်းရတော့မှာပေါ့။ ခွင့်တောင်းပြီးမှ ယူလို့ရတဲ့အနေအထားမျိုးဖြစ်သွားတာပေါ့။ ပြည်နယ်အတွက်ရော၊ နိုင်ငံတော်အတွက်ရော အများကြီးအကျိုးရှိသွားမယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။
ယင်းကရင်ဒုံးအကကို ရှေးနှစ်ပေါင်းများစွာကတည်းက ကရင်လူမျိုးများတန်ဖိုးထားထိန်းသိမ်းလာခဲ့သည့်အကဖြစ်ပြီး တိုင်းရင်းသားအကများထဲတွင် ကရင်ဒုံးအကသည် မြူးကြွတက်ကြွမှုရှိသော အကတစ်မျိုးဖြစ်သည်။
 
အဆိုပါ ကရင်ဒုံးအကသည် လူမှုရေးလုပ်ငန်းကို စုပေါင်းလုပ်ဆောင်ရာမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ညီညွတ်ခြင်း၏ သင်္ကေတအကဖြစ်သည်ဟုဆိုသည်။
 
Photo – Saw Khin Maung Aye
 
#PeopleMedia #ကရင်ပြည်နယ်အစိုးရအဖွဲ့ #ယူနက်စကို #ဦးစောမြင့် #ကရင်ရိုးရာဒုံးယိမ်းအက

Share this post