• Follow Us on

Home ကရင်လူမျိုးများလွတ်မြောက်ရန် ပန်းတိုင်မရောက်သေးသည့်အတွက် ကရင်မျိုးဆက်သစ်လူငယ်များ ပန်းတိုင်ရောက်အောင်ဆက်လက်ကြိုးစားရန် KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

ကရင်လူမျိုးများလွတ်မြောက်ရန် ပန်းတိုင်မရောက်သေးသည့်အတွက် ကရင်မျိုးဆက်သစ်လူငယ်များ ပန်းတိုင်ရောက်အောင်ဆက်လက်ကြိုးစားရန် KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

Share this post

ကရင်၊ သြဂုတ် ၁၂ (People Media)

 

ကရင်လူမျိုးများ လွတ်မြောက်ရန် ပန်းတိုင်မရောက်သေးသည့်အတွက် ကျန်ရှိသည့် ကရင်မျိုးဆက်သစ်လူ ငယ်များ ပန်းတိုင်ရောက်အောင် ဆက်လက်ကြိုးစားရန် KNLA ဒုတိယ စစ်ဦးစီးချုပ် ဘောကျော်ဟဲက ယနေ့ ကျရောက်သည့် ၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းပြောဆို ထားသည်။

 

ကရင်အာဇာနည်များ ခင်းပေးထားသည့်လမ်းအတိုင်း မဖြစ်မနေ ဆက်လျှောက်ရမည်ဖြစ်ကြောင်း အခက်အခဲ၊ အကျပ်အတည်း၊ ဆင်းရဲမှုများက မိမိတို့ ခရီးလမ်းကို ဟန့်တားနေသော်လည်း  ကြောက်စရာမလိုကြောင်း ရှောင်လို့ရသည်များကို ရှောင်ကြည်ပြီး ရှောင်လို့မရခြင်းများကို ရဲရဲဝင့်ဝင့် ရင်ဆိုင်တွန်းလှန်ပြီး ပန်းတိုင်ရောက် အောင်သွားရမည်ဖြစ်ကြောင်း KNLA ဒုတိယစစ်ဦးစီးချုပ်မှ ဆိုသည်။

 

မိမိတို့ကိုယ်တိုင်အားနည်းချက်တွေကြောင့် ခရီးလမ်းကြာရှည်ပြီး စိတ်ဓာတ်ကျစေကြောင်း၊ တခါတလေ အခက်အခဲများကြားက အခွင့်အလန်းကောင်းများပေါ်ပေါက်လာသော်လည်း မိမိတို့ အားနည်းချက်ကြောင့် အဆိုပါ အခွင့်အရေးများကို မဆုပ်ကိုင်နိုင်ခဲ့ခြင်းများရှိကြောင်း၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသမျှသည် ကရင်လူမျိုး တွေအတွက် သင်ခန်းစာဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

အဆိုပါ သင်ခန်းစာများသည် မျိုးဆက်သစ်ကရင်လူငယ်များအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်စေကြောင်း ၇၁ နှစ်မြောက်ကရင်အာဇာနည်နေ့အတွက်ပေးပို့တဲ့သဝဏ်လွှာတွင် KNLA ဒုတိယ စစ်ဦးစီးချုပ်မှ ပြောဆိုထားသည်။

 

Photo – credit

 

#PeopleMedia #KNLA #Peace

 

(unicode)


……………………………………………………………..

 


 


 


 


 


 

Photo – credit

 

#PeopleMedia #KNLA #Peace


Share this post