• Follow Us on

Home ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရုပ်ထုကို အာဏာပိုင်များ ဖိအားပေးမှုကြောင့် ဖယ်ရှားပေးခဲ့ရ

ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရုပ်ထုကို အာဏာပိုင်များ ဖိအားပေးမှုကြောင့် ဖယ်ရှားပေးခဲ့ရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂယက်ကြီးကျေးရွာတွင် စိုက်ထူထားသော ကရင်အာဇာနည်ခေါင်း ဆောင် စောဘဦးကြီးရုပ်ထုကို အာဏာပိုင်များ ခြိမ်းခြောက်ဖိအားပေးသဖြင့် ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းတွင် ဖြုတ်ချလိုက်ရကြောင်း ကရင်လူငယ်အတွင်းရေးမှူးအဖွဲ့ဝင် ကိုစောကျော်လင်းဦးက အတည်ပြုပြောသည်။

“ကျွန်တော်တို့ သိထားတာတော့ စရဖနဲ့ တိုင်းအစိုးရက လာပြီးတော့ ဒေသခံတွေကို တောက်လျှောက် ဖိအား ပေးနေတာ၊ မနေ့က လူကိုယ်တိုင်လာပြီးတော့ အပြီးဖြုတ်ပေးဖို့ ပြောတယ်၊ တကယ်လို့ အဲ့လိုမျိုးမလုပ်ရင် အရေးယူခံရမယ်ဆိုတဲ့ပုံစံမျိုး ပြောတော့ ဒေသခံတွေက ကြောက်တော့ မနေ့ညဘက်မှာ ဖြုတ်ချလိုက်တာပါ” ဟု ကရင်လူငယ်အတွင်းရေးမှူးအဖွဲ့ဝင် ကိုစောကျော်လင်းဦးက ပြောသည်။

စောဘဦးကြီးရုပ်ထုကိစ္စအပါအဝင် တန်းတူအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများရရှိရန် ကရင်လူငယ်များ အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုစောကျော်လင်းဦးက ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် စောဘဦးကြီး၏ ရုပ်ထုကို ထားရှိခဲ့ခြင်းဖြစ်သည်။

#PeopleMedia #စောဘဦးကြီး #ကရင်အာဇာနည်ခေါင်းဆောင်

(unicode)
……………………………………………………








Share this post