• Follow Us on
Share this post
(unicode)
“ကရင်ပြည်နယ်မှာ NLD က ၂၀၁၅ တုန်းကလို အပြတ်အသတ်က မသေချာလောက်ဘူး။ ကျွန်မအမြင်ပေါ့။ အရင်လောက်တော့ မရနိုင်ဘူးလို့တော့ ထင်တယ်။ ဒီငါးနှစ်သက်တမ်းမှာ သူတို့ရဲ့စွမ်းဆောင်ရည်က သိပ်မပြနိုင်တာလည်းရှိတာပေါ့။ မပြနိုင်တဲ့ အပြင်ကို အမှားတွေလည်းရှိတယ်ပေါ့နော်” ဒေါ်နော်ဇင်တုပ် (ကရင်ဒီမိုကရက်တစ်ပါတီ၊ တွဲဘက်အတွင်းရေးမှူး-၂)
၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီသည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေအများစုကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေများကို NLD ပါတီ၏ ထွက်ပေါ်လာမည့် ရလဒ်နှင့် ပတ်သက်၍ People Media က ဒေါ်နော်ဇင်တုပ် (ကရင်ဒီမိုကရက်တစ်ပါတီ၊ တွဲဘက်အတွင်းရေးမှူး-၂)နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။
“ကရင်ပြည်နယ်မှာ NLD က ၂၀၁၅ တုန်းကလို အပြတ်အသတ်က မသေချာလောက်ဘူး။ ကျွန်မအမြင်ပေါ့။ အရင်လောက်တော့ မရနိုင်ဘူးလို့တော့ ထင်တယ်။ ဒီငါးနှစ်သက်တမ်းမှာ သူတို့ရဲ့စွမ်းဆောင်ရည်က သိပ်မပြ နိုင်တာလည်းရှိတာပေါ့။ မပြနိုင်တဲ့အပြင်ကို အမှားတွေလည်းရှိတယ်ပေါ့နော်။ အမှားတွေလုပ်တာကိုလည်း နားမလည်တဲ့သူတွေလည်းရှိတယ်။ နောက်ပြီး ကရင်ပါတီကလည်း အားကောင်းလာတာပါတာပေါ့။ သူတို့ရဲ့ အမှားတွေကြောင့် သူတို့ရဲ့ Image ကျလာတာ လည်းပါတယ်။ ကျတဲ့အချိန်မှာ ကရင်ပါတီကလည်း အားကောင်းလာတာကလည်း သူတို့အတွက်စိန်ခေါ်မှုပေါ့နော်။ သူတို့အရင်ကလောက်တော့ မရနိုင်တော့ဘူးဆိုတာ ကျွန်မခန့်မှန်းမိတယ်။ ကျွန်မတို့ပါတီတော့ အတိုင်းအတာတစ်ခုအထိတော့ ရမယ်လို့မျှော်လင့်ပါတယ်။ အခုချိန် အတိအကျပြောဖို့တော့ ခက်တာပေါ့။ တကယ်လို့ တရားမျှတမှုရှိရင်တော့ အခုကျွန်မတို့ေ မျှာ်လင့်တာထက်တောင်ပိုပြီးတော့ ရနိုင်ချေရှိတာပေါ့နော်။ ကျွန်မတို့ရွေးကောက်ပွဲမှာ တရားမျှတမှုဘယ်လောက်ရှိလည်းဆိုတဲ့ ဟာက မှန်းလို့မရဘူးလေ။ အခုက လက်ရှိအာဏာရပါတီကတော့ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်တယ်ဆိုတာက သက်ဆိုင်ရာကပေါ့ သူတို့လုပ်နေတာတွေ၊ ချုပ်ကိုင်နိုင်စွမ်းတွေရှိတာလည်းပါတာပေါ့။ အဲဒီအပေါ်မှာတော့ အားသာချက်တစ်ခု ရှိတာပေါ့။ အခု ပြည်သူတွေက နည်းနည်းရှုပ်ထွေးတဲ့သဘောမှာရှိတယ်။ အခုလိုအားပြိုင်မှုတွေကြားထဲက တချို့တွေက စိတ်ရှုပ်ပြီးတော့မှ စိတ်ပျက်တာတွေလည်းရှိတယ်။ ခေတ်တစ်ခေတ်ရဲ့ ခေါင်းဆောင်ကြောင့်မလို့ တချို့တွေက ဆက်လက်ပြီးတော့ ဒါကိုထောက်ခံနေတဲ့သူတွေတော့ရှိတယ်။ ဒါပေမဲ့ အတိုင်းအတာကတော့ အရင်ကလောက်တော့ မဖြစ်နိုင်တော့ဘူးလို့ ကျွန်မကတော့ ထင်တယ်” ဒေါ်နော်ဇင်တုပ် (ကရင်ဒီမိုကရက်တစ်ပါတီ၊ တွဲဘက်အတွင်းရေးမှူး-၂)
#PeopleMedia #2020election #Political #2020election #ကရင်ဒီမိုကရက်တစ်ပါတီ
Share this post