• Follow Us on

Home ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် လှိုင်းဘွဲ့မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲမှ အပြန် ၎င်း၏ ယာဉ်တန်း မိုင်းခွဲခံ ရ၊ ယာဉ်တန်း၌ လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာမရရှိဟုဆို

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် လှိုင်းဘွဲ့မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲမှ အပြန် ၎င်း၏ ယာဉ်တန်း မိုင်းခွဲခံ ရ၊ ယာဉ်တန်း၌ လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာမရရှိဟုဆို

Share this post

ကရင်၊ နိုဝင်ဘာ ၂၂ (People Media)

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့သည် မနေ့က လှိုင်းဘွဲ့မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲမှ အပြန် ၎င်း၏ ယာဉ်တန်း မိုင်းခွဲခံရပြီး ယာဉ်တန်း၌ လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာမရရှိကြောင်း တာဝန်ရှိသူ အချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် လှိုင်းဘွဲ့မြို့နယ် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲမှ အပြန် ဒိုင်းပြစံပြကျေးရွာအုပ်စု မိုင် ၂၀ ကုန်းအရောက်၌ ၎င်း၏ ယာဉ်တန်းသည် မိုင်းခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။

 

“ယာဉ်တန်းမှာ လိုက်ပါလာသူတွေ ထိခိုက်မှုမရှိပါဘူး။ ယာဉ်တစ်စီးကတော့ မိုင်းစထိမှန် ပျက်စီးသွားခဲ့တယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အလားတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့သည်လည်း ၎င်းတို့၏ ခရီးစဉ်များ၌ မိုင်းခွဲခံရ မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #ကရင်ပြည်နယ်အစိုးရအဖွဲ့ #လှိုင်းဘွဲ့မြို့နယ်

 

(unicode)


……………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post