• Follow Us on

Home ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်

Share this post

ကမမောင်း၊ မတ် ၁၅

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ရောက်ရှိနေ သော တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတော် ဦးသီရိအား ဦးထိပ်ထား၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအား ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများက တိုက်ပွဲရှောင်အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁၈၇၇)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၁)ဘူး၊ ပဲ(၁)ပိဿာ၊ ခြင်ထောင်(၁)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

(MOI)

 

(unicode)


………………………………….

 


 


 


 

(MOI)


Share this post