• Follow Us on

Home ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရပြီး အဆောက်အဦးသည် ပြန်လည် အသုံးပြုမရနိုင်သည့် အခြေအနေရောက်ရှိခဲ့

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရပြီး အဆောက်အဦးသည် ပြန်လည် အသုံးပြုမရနိုင်သည့် အခြေအနေရောက်ရှိခဲ့

Share this post

မြဝတီ၊ ဇန်နဝါရီ ၈ (People Media)

 

ဒီဇင်ဘာ ၇ ရက်နေ့ ည (ရး၅၀) အချိန်ခန့်က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ခရိုင်ရုံးပေါင်းစုံ ဧရိယာ အတွင်းရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသည် ဗုံးခွဲခံရပြီး အဆောက်အဦးတစ်ခုလုံးသည် လုံးဝပျက်စီး သွားပြီး ပြန်လည်အသုံးပြု၍မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း ဒေသခံအချို့က People Media ကို ပြောသည်။

 

မိုင်းခွဲဖျက်ဆီးခံရသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသည် ရုံးပေါင်းစုံ ဧရိယာအတွင်း၌ တည်ရှိပြီး မိုင်း ခွဲဖျက်ဆီးခံရသည့် အဆောက်အဦး၏ ညာဘက်၌ မြို့နယ်၊ ခရိုင်တရားရုံး တည်ရှိပြီး မျက်နှာချင်းဆိုင် နေရာ၌ ခရိုင်ထွေအုပ်ရုံးတည်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ မိုင်းခွဲခံရသည့် အဆောက်အဦးအနီးရှိ အဆောက်အအုံအချို့သည် မိုင်းဒဏ်ကြောင့် လေကာ မှန်များ ကွဲအပ်ခြင်း၊ မျက်နှာကျက်များ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

“မိုင်းခွဲခံရတဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှုင်ရုံးရဲ့ ပတ်လည်မှာ အခြားသော မြို့နယ်၊ ခရိုင် တရားရုံးတွေ ရှိတယ်။ အခြားသော မြို့နယ် အုပ်ချုပ်ရေးရုံးတွေရှိတယ်။ အဆောက်အဦးက ဓါတ်ပုံမှာ မြင်တဲ့ အတိုင်းပဲ တော်တော်ပြင်းထန်ပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် ကရင်ပြည်နယ်၌ KNU လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #ဖာပွန်မြို့

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 



Share this post