• Follow Us on

Home ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ စာသင်ကျောင်းအနီး၌ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း ပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိဟုဆို

ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ စာသင်ကျောင်းအနီး၌ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း ပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိဟုဆို

Share this post

ဘားအံ့၊ နိုဝင်ဘာ ၂ (People media)

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ ဘုရားသုံးဆူလမ်းမကြီးရှိ အ.ထ.က (ကျောင်း ကြီး) ရှေ့တွင် နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

ယခင်က အဆိုပါ ကျောင်းအနီး၌ ပေါက်ကွဲမှုမရှိခဲ့သော်လည်း လက်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်ချိန်၌ မိုင်းထောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပါတယ်။

 

“မနေ့က ညနေ့က လောက်က ကျောင်းအနီးက လမ်းနားမှာဖြစ်တာ။ ဖြစ်တာက ကျောင်းဝန်းထဲမှာ မဟုတ်ဘဲနဲ့ ကျောင်းအပြင်က အုတ်နံရံနားမှာဖြစ်တာ ကျောင်းက လူသိပ်မရှိတဲ့အခါကျတော့ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာ ၁ ရက်မှ စတင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ချောင်းဦး၊ ရွှေကျင်၊ ကြည့် မြင်တိုင်၊ အောင်ပန်း စသည့်မြို့နယ်များရှိကျောင်းများနှင့် ကျောင်းအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

#PeopleMedia #ဘုရားသုံးဆူ

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post