• Follow Us on

Home ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ရုတ်တရက်ကွယ်လွန် မိမိကိုယ် လုပ်ကြံခဲ့ဟုဆို


Share this post

ရန်ကုန်၊အောက်တိုဘာ-၂၃





[Unicode]
ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ရုတ်တရက်ကွယ်လွန် မိမိကိုယ် လုပ်ကြံခဲ့ဟုဆို

ရန်ကုန်၊အောက်တိုဘာ-၂၃

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ဒေါတ်တာတင်ဝင်းကျော်သည် အောက်တိုဘာ၂၃ရက်နေ့၌ ရုတ်တရက်ကွယ်လွန်ခဲ့ပြီး မိမိကိုယ် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရဖွဲ့ဝင်အချို့က အတည်ပြု့ပြောဆိုသည်။

ဒေါတ်တာတင်ဝင်းကျော်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ပြီးနောက် ကရင်ပြည်နယ် အစိုးရအဖွဲ့၌ လူမှုရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သည်။ထိုနောက် ကျန်းမာရေးအရ လူမှုရေးဝန်ကြီးတာဝန်မှ ထပ်မံ အနားယူခဲ့သူတစ်ဦးဖြစ်သည်။

“လက်ကို ကတ်ကြေးနဲ့ထိုးပြီးဆုံးသွားတာ။မနေ့က ၂၂ ရက်နေ့ ညနေပိုင်းလောက်က ဖြစ်သွားတာ။သူက ကျန်းမာရေးမကောင်းဘူး။ဒီအတွက် စိတ်ထိခိုက်တာ ယူဆရတယ်”ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်အချို့က အတည်ပြု့ပြောဆိုသည်။

လက်ရှိအချိန်၌ သားတစ်ယောက်၊သမီးတစ်ယောက်နှင့်၎င်း၏ အမျိုးသမီးကျန်ခဲ့သည်။

#peoplemedia# #political #


Share this post