• Follow Us on

Home ကရင်နှင့် ပဲခူးတိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော် တွေ့ဆုံမည်

ကရင်နှင့် ပဲခူးတိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော် တွေ့ဆုံမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် တပ်မ တော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ KNU ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများသည် တပ်မတော်မှ နယ်မြေများတိုးချဲ့လာခြင်း၊ တပ်မတော်စခန်းများ တိုး ချဲ့လာမှုကြောင့်ဖြစ်ကြောင်း KNU လက်နက်ကိုင်အဖွဲ့က စွပ်စွဲပြောဆိုထားသည်။

အဆိုပါ စွပ်စွဲချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့အနေနဲ့ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို KNU လူကြီး ပိုင်းနဲ့ စကားပြောရမယ့်ကိစ္စတွေဖြစ်တဲ့အတွက် လူကြီးပိုင်း စကားပြောဖို့ဆိုပြီးတော့ စီစဉ်ထားတာ ရှိပါတယ်” လို့ ဆိုပါသည်။

အလားတူ ငြိမ်းချမ်းရေးတည်ဆောက်သည့်အခါ KNU အနေဖြင့် တပ်မတော်အပေါ် စွပ်စွဲပြောဆိုခြင်း၊ ဝါဒဖြန့် ခြင်းများ မပြုလုပ်သင့်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

#PeopleMedia #KNU #Peace

(unicode)
……………………………………………………………..






#PeopleMedia #KNU #Peace


Share this post