• Follow Us on

Home ကလက်ရှ်နီကော့ဗ်အုပ်စုကထုတ်လုပ်သည့် အပျက်စီးခံဒရုန်းများ ပြည်ပနိုင်ငံများသို့တင်ပို့ရန် ရုရှားအာဏာ ပိုင်များခွင့်ပြု

ကလက်ရှ်နီကော့ဗ်အုပ်စုကထုတ်လုပ်သည့် အပျက်စီးခံဒရုန်းများ ပြည်ပနိုင်ငံများသို့တင်ပို့ရန် ရုရှားအာဏာ ပိုင်များခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁ (People Media)

 

ရုရှားနိုင်ငံ ကလက်ရှ်နီကော့ဗ်အုပ်စု (Kalashnikov Group) က ထုတ်လုပ်သည့် KUB-E အပျက်စီးခံဒရုန်းများ  ကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရန် ရုရှားအာဏာပိုင်များက ခွင့်ပြုလိုက်သည်။

 

“ရိုဆိုဘိုရိုနိတ်စ်ပို့နဲ့အတူ ကလက်ရှ်နီကော့ဗ်အုပ်စုက KUB အပျက်စီးခံဒရုန်းတွေ နိုင်ငံတကာဈေးကွက်ထဲကို တင်ပို့ဖို့အတွက် အသင့်ဖြစ်နေပါပြီ။ ဒီဒရုန်းတွေဟာ တိုက်ပွဲတွေမှာအသုံးပြုဖို့အတွက် အောင်မြင်တဲ့အတွေ့အ ကြုံတွေရှိထားပြီးဖြစ်တယ်ဆိုတာ အတည်ပြုထားပြီးဖြစ်ပါတယ်။” ဟု အစိုးရပိုင်ထုတ်လုပ်ရေးစက်ရုံက ကြေ ညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

 

ဒီဇင်ဘာလအတွင်းက ဆီးရီးယားနိုင်ငံ၊ အိဒလစ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အဆိုပါဒရုန်းများကို စမ်း သပ်အသုံးပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရုရှားကြည်းတပ်အနေဖြင့် အဆိုပါဒရုန်းများ ပထမအသုတ်ကို ယခု နှစ်အတွင်း လက်ခံရရှိမည်ဖြစ်သည်။

 

ယင်းဒရုန်းများကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ UAE တွင် ကျင်းပခဲ့သည့် IDEX-2019 နိုင်ငံတကာ ပြပွဲတွင် ပထမဦးဆုံးအကြိမ် ခင်းကျင်းပြသခဲ့ရာ နိုင်ငံတကာစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများက စိတ်ဝင်စားခဲ့ ကြသည်။ ယင်းဒရုန်းကို ကလက်ရှ်နီကော့ဗ်အုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ZALA Aero က ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။

 

အရွယ်အစားသေးငယ်ပြီး အီလက်ထရစ်အင်ဂျင်ကြောင့် အသံတိုးညှင်းသည့် ယင်းဒရုန်းမှာ ဝန်အလေးချိန် ၃ ကီလိုဂရမ် (၆.၅ ပေါင်) သယ်ဆောင်နိုင်သည်။ ယင်းဒရုန်းသည် သမရိုးကျလေကြောင်းရန်ကာကွယ်ရေးရေဒါ များကို ရှောင်ရှားနိုင်ပြီး ပျံသန်းချိန် မိနစ် ၃၀ ကြာအောင် ပျံသန်းနိုင်သည်။

 

ယင်းမောင်းသူမဲ့လေယာဉ်သည် အခြားသူများသတိမပြုမိဘဲ ရန်သူ့သင်္ဘော သို့မဟုတ် ရေပြင်၊ ဝေဟင်၊ မြေ ပြင် ပစ်မှတ်များဆီသို့ ပျံသန်းသွားလာနိုင်သည်။ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီသည် မောင်းသူမဲ့လေယာဉ် ၁၅ စင်း တစ်ပြိုင်တည်းပစ်လွှတ်နိုင်သည့် ဒရုန်းပစ်လွှတ်စင်ကိုလည်း တီထွင်ထုတ်လုပ်ထားသည်။

 

ရန်သူ့အခြေခံအဆောက်အအုံများနှင့် အပေါ့စားသံချပ်ကာပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည့် အဆိုပါ မောင်းသူမဲ့လေယာဉ်သည် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ (၈၁ မိုင်) နှုန်း အထိ ပျံသန်းနိုင်ပြီး မြန်နှုန်းမြင့် သင်္ဘောပေါ်မှလည်းကောင်း အထူးစစ်ဆင်ရေးအတွက်ပြုလုပ်ထားသည့်သင်္ဘောပေါ်မှလည်းကောင်း ကိုင် တွယ်ထိန်းချုပ်နိုင်ကြောင်းသိရသည်။

 

Ref: Russia Clears Kalashnikov Group’s Kamikaze Drone for Export

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia Clears Kalashnikov Group’s Kamikaze Drone for Export

 

#PeopleMedia


Share this post