• Follow Us on

Home ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့ စတင်တည်ထောင်

ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့ စတင်တည်ထောင်

Share this post

စစ်ကိုင်း၊ သြဂုတ် ၁၉ (People Media)

 

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ လူငယ်များနှင့် ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့ကို တည်ထောင် လိုက်ကြောင်း သြဂုတ် ၁၈ ရက်နေ့စွဲဖြင့် နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့မှ ကြေညာချက်ထုတ်ပြန်ထား သည်။

 

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့အနေနှင့် ယခင်ကလည်း နတ်လှိုင်၊ မိုးတား လေး၊ မိုးတားကြီး၊ မင်္ဂလာသုခ၊ ရေနီကျေးရွာတွေမှ ပစ်မှတ် ၂၀ ကျော်ကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး နယ် စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့မှ စနစ်တကျရေးဆွဲထားသည့် Standard Operation Procedure အတိုင်း ဒလန်သတ်မှတ်များကို ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် တိတိကျကျစိစစ်ဆောင်ရွက်သွားမည်ဟုလည်း ဖော် ပြပါရှိသည်။

 

ထို့အပြင် ကသာမြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များမှ ပြည်သူများ၊ CDM သူရဲကောင်းများ၊ သပိတ်စစ်ကြောင်း များကို သတင်းပေးလုပ်ကြံနေကြသူများနှင့် စစ်ကောင်စီယန္တယားကို အခြေခံကျကျဖော်ဆောင်နေကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အခွန်အခကောက်ခံနေကြသည့်ဌာနများအနေဖြင့် လက်ရှိဆောင်ရွက်နေသည် များကို ရပ်တန်းကရပ်ကြရန်လည်း နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့မှ ကြေညာချက်ထုတ်ပြန်ထားသည်။

 

အလားတူ ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် နယ်စည်းမခြားမိုးကြိုးမုန်တိုင်း အဖွဲ့မှ တာဝန်ခံကြောင်းလည်း ရေးထားသည်။

 

#PeopleMedia #PDF #ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post