• Follow Us on
Latest News

Home ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းသစ်များကို တာဝန်မယူနိုင်ကြောင်း Katha PDF မှ ထုတ်ပြန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးသူငယ် ကျန်းမာ ရေးအတွက် PDF အဖွဲ့များက ဆေးကုသပေးမှာလားလို့ ဒေသခံအချို့က မေးခွန်းထုတ်

ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းသစ်များကို တာဝန်မယူနိုင်ကြောင်း Katha PDF မှ ထုတ်ပြန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးသူငယ် ကျန်းမာ ရေးအတွက် PDF အဖွဲ့များက ဆေးကုသပေးမှာလားလို့ ဒေသခံအချို့က မေးခွန်းထုတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းသစ်များကို တာဝန်မယူနိုင်ကြောင်း Katha PDF မှ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ Katha PDF အဖွဲ့၏ ထုတ်ပြန်ထားမှုအပေါ် ဒေသခံ ရွာသူ/ရွာသားများက သဘောတူခြင်း မရှိဘူးလို့ သိရပါတယ်။

“ရွာမှာ မွေးဖွားမည့် လူနာရှိရင် ကသာ PDF အဖွဲ့က ကုပေးမှာလား။ သူတို့တော်လှန်ရေးခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့။အခုက ကျေးရွာနေ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်လာတာ။ ဒီလိုလုပ်ရပ်က ထိရာတစ်ခြား ခုတ်ရာတစ်ခြားဖြစ်နေတယ်။ ကလေးငယ်တွေရဲ့ ကာကွယ်ဆေး ပြီးတော့ ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေးအတွက် PDF က တာဝန်ယူမှာလားလို့” ကသာမြို့၌ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ုပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်မားရေးမှူး (၄) ပြည်သူ့
ကျန်းမာရေးကြီးကြပ်(၂)တာဝန်ဖြင့် ကျန်းမာရေးဝန်ထမ်း ၂၀ခန့်သည် ကသာမြို့နယ်၌ မကြာမှီ တာဝန်ထမ်းဆောင်
ကြတော့မှာဖြစ်ပါတယ်။

ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်ပြီး Katha PDF အဖွဲ့၏ ထုတ်ပြန်ချက်၌ “မအလအကြိုက် တာဝန်လာထမ်းဆောင်မဲ့ ခွေးတိုးပေါက်ကဝင်လာသော ကျန်းမာရေးကြီးကြပ် ၂ တွေကို တာဝန်မယူနိူင်ကြောင်းကြေငြာအပ်ပါတယ်။ ဒီအချိန်မှာ CDM ဝန်ထမ်းတွေရဲ့နေရာကို ခွေးတိုးပေါက်ကဝင်လာပြီး မအလ ဒေါက်တိုင်လုပ်ကြမယ်ဆိုပြီး ကသာမြို့နယ်ကို လာကြရင် ကိုယ့်တာဝန်ကိုယ်ယူကြပါ။ Katha PDF အနေနဲ့ လုံးဝတာဝန်မယူနိုင်ကြောင်း” ဖော်ပြထားတာတွေ့ရပါတယ်။

#PeopleMedia #ကသာPDF #ကျန်းမာရေး

(unicode)
ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းသစ်များကို တာဝန်မယူနိုင်ကြောင်း Katha PDF မှ ထုတ်ပြန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးသူငယ် ကျန်းမာ
ရေးအတွက် PDF အဖွဲ့များက ဆေးကုသပေးမှာလို့ ဒေသခံအချို့က မေးခွန်းထုတ်
…………………………………