• Follow Us on

Home ကသာမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြန်လာသည့် ၃ ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျရာ ၁ ဦး သေ ဆုံးကာ ၁၉ ဦး ဒဏ်ရာရ

ကသာမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြန်လာသည့် ၃ ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျရာ ၁ ဦး သေ ဆုံးကာ ၁၉ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြန်လာသည့် ၃ ဘီးယာဉ်တစ်စီးချောက်ထဲပြုတ်ကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူဦးရေ ၁၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နောင်ပင်ရွာမှ ကသာမြို့သို့ Covid-19 ကာကွယ်ဆေးထိုးပြီးအပြန် ရွှေပြည်သစ်အလွန် ကသာမြို့မှ ၁၂ မိုင်ခန့်တွင် အထက်ပါကဲ့သို့ တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ရွှေပြည်သစ်ရွာနားမှာဖြစ်တာ ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီးတော့ ချောက်ထဲကျသွားတာ အဲ့ဒီယာဉ်ပေါ်မှာ လူ ၂၀ လောက်ပါတယ်၊ အမျိုးသမီး ၁၁ ဦး အမျိုးသား ၉ ဦး ဒဏ်ရာရတယ်၊ အသက် ၇၀ ကျော်အဖွားကြီးက တော့ ဖြစ်တဲ့နေရာမှာပဲ ဆုံးသွားပါတယ်” ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုသမီးနှင့် အမျိုးသား စုစုပေါင်း ၁၉ ဦးကိုလည်း လက်ရှိတွင် ကသာ မြို့ဆေးရုံကြီးသို့ တင်ပို့ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia # ကသာ

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post