• Follow Us on

Home ကသာၿမိဳ႕နယ္တြင္ ဧရာ၀တီျမစ္ေရ စိုးရိမ္ေရအမွတ္ေရာက္ရန္ တစ္ေပခြဲ ခန္႔သာလိုေတာ့ၿပီး ေရႊကူၿမိဳ႕နယ္တြင္ သုံးစင္တီမီတာသာလိုေတာ့ဟုဆို

ကသာၿမိဳ႕နယ္တြင္ ဧရာ၀တီျမစ္ေရ စိုးရိမ္ေရအမွတ္ေရာက္ရန္ တစ္ေပခြဲ ခန္႔သာလိုေတာ့ၿပီး ေရႊကူၿမိဳ႕နယ္တြင္ သုံးစင္တီမီတာသာလိုေတာ့ဟုဆို

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၄

စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္တြင္ ဧရာ၀တီျမစ္ေရ စိုးရိမ္ေရအမွတ္ေရာက္ရန္ တစ္ေပခြဲခန္႔သာ လို ေတာ့ၿပီး ကခ်င္ျပည္နယ္ေရႊကူၿမိဳ႕နယ္တြင္ သုံးစင္တီမီတာသာလိုေတာ့ေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ဇူလိုင္ ၁၄ ရက္၌ ဧရာ၀တီျမစ္ေရ အေျခအေနႏွင့္ပတ္သက္၍ people media ကဆက္သြယ္ေမးျမန္းရာတြင္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။

“ေရႊကူကေတာ့ သုံးစင္တီမီတာပဲလိုေတာ့တယ္။ ကသာကေတာ့ တစ္ေပခြဲေလာက္လိုေသးတယ္။ သူလည္း မနက္ျဖန္ ဇူလိုင္ ၁၅ ရက္ဆိုရင္ေတာ့ စိုးရိမ္ေရအမွတ္ေရာက္ၿပီေပါ႔ေနာ္။ က်န္တဲ့ေနရာေတြကေတာ့ စိုးရိမ္ ေရအမွတ္ေရာက္ဖို႔ ေတာ္ေတာ္မ်ားမ်ားလိုပါေသးတယ္။ လက္ရွိ ရွိေနတဲ့ေရအမွတ္အရဆိုရင္ေတာ့ စိုးရိမ္ေရ အမွတ္မေရာက္ေသးဘူး။ ေနာက္ထပ္ေရာက္လာတဲ့ေရဆိုရင္ေတာ့ စိုးရိမ္ေရအမွတ္ေရာက္လာႏိုင္တယ္။ လက္ရွိ အထက္ပိုင္းေရအမွတ္အရဆိုရင္ေတာ့ ေအာက္ပိုင္းကို ေရကဆက္စီးႏိုင္တယ္။ ျမစ္ေရကလည္း ဆက္ တက္မယ္ဆိုရင္ေတာ့ ဧရာ၀တီျမစ္ေအာက္ပိုင္းမွာပါ စိုးရိမ္ေရအမွတ္ေရာက္ႏိုင္ပါတယ္’’ဟု ၎ကေျပာသည္။

ဇူလိုင္ ၁၄ ရက္တြင္ ကသာၿမိဳ႕၊ ေက်ာက္ထုံးႀကီးအုပ္စု၊ ေဂြ႕ႀကီးကြၽန္းေက်းရြာတြင္ ဧရာ၀တီျမစ္ေရျမင့္ တက္ လာၿပီး ေရတိုက္စားမႈျဖစ္ပြား၍ ကသာၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ ေနအိမ္မ်ားေရေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းျခင္း လုပ္ငန္းမ်ားကိုေဆာင္ရြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွသိရသည္။

မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ဇူလိုင္ ၁၄ ရက္ ထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ရြာရန္ရြာႏႈန္း ၈ဝ ျဖစ္ေၾကာင္းသိရသည္။
ဓါတၤပုံ – ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕

#PeopleMedia

(unicode)
ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် တစ်ပေခွဲ ခန့်သာလိုတော့ပြီး ရွှေကူမြို့နယ်တွင် သုံးစင်တီမီတာသာလိုတော့ဟုဆို
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် တစ်ပေခွဲခန့်သာ လို တော့ပြီး ကချင်ပြည်နယ်ရွှေကူမြို့နယ်တွင် သုံးစင်တီမီတာသာလိုတော့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇူလိုင် ၁၄ ရက်၌ ဧရာဝတီမြစ်ရေ အခြေအနေနှင့်ပတ်သက်၍ people media ကဆက်သွယ်မေးမြန်းရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

“ရွှေကူကတော့ သုံးစင်တီမီတာပဲလိုတော့တယ်။ ကသာကတော့ တစ်ပေခွဲလောက်လိုသေးတယ်။ သူလည်း မနက်ဖြန် ဇူလိုင် ၁၅ ရက်ဆိုရင်တော့ စိုးရိမ်ရေအမှတ်ရောက်ပြီပေါ့နော်။ ကျန်တဲ့နေရာတွေကတော့ စိုးရိမ် ရေအမှတ်ရောက်ဖို့ တော်တော်များများလိုပါသေးတယ်။ လက်ရှိ ရှိနေတဲ့ရေအမှတ်အရဆိုရင်တော့ စိုးရိမ်ရေ အမှတ်မရောက်သေးဘူး။ နောက်ထပ်ရောက်လာတဲ့ရေဆိုရင်တော့ စိုးရိမ်ရေအမှတ်ရောက်လာနိုင်တယ်။ လက်ရှိ အထက်ပိုင်းရေအမှတ်အရဆိုရင်တော့ အောက်ပိုင်းကို ရေကဆက်စီးနိုင်တယ်။ မြစ်ရေကလည်း ဆက် တက်မယ်ဆိုရင်တော့ ဧရာဝတီမြစ်အောက်ပိုင်းမှာပါ စိုးရိမ်ရေအမှတ်ရောက်နိုင်ပါတယ်’’ဟု ၎င်းကပြောသည်။

ဇူလိုင် ၁၄ ရက်တွင် ကသာမြို့၊ ကျောက်ထုံးကြီးအုပ်စု၊ ဂွေ့ကြီးကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့် တက် လာပြီး ရေတိုက်စားမှုဖြစ်ပွား၍ ကသာမြို့နယ်မီးသတ်တပ်ဖွဲ့မှ နေအိမ်များရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်း ၈ဝ ဖြစ်ကြောင်းသိရသည်။
ဓါင်္တပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#PeopleMedia


Share this post