• Follow Us on
Latest News

Home ကသာမြို့နယ်၌ ကသာ PDF စခန်း ရှင်းလင်းခံရ

ကသာမြို့နယ်၌ ကသာ PDF စခန်း ရှင်းလင်းခံရ

Share this post

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျွန်းပင်ကျေးရွာအနီးရှိ PDF အထိုင်စခန်းသည် ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။

 

ကသာမြို့နယ်၊ ကျွန်းပင်ကျေးရွာမြောက်ဘက် ၂ မိုင်၌ အခြေပြုလှုပ်ရှားသည် PDF စခန်း ရှင်းလင်းခံရပြီး နောက် စခန်းရှိ ဆန်အိတ် ၂၅ အိတ်၊ တဲ ၇ လုံး၊ ၁ လုံးထိုး သေနတ် ၃ လက်၊ တူမီး ၅ လက် လေ့ကျင့်ရေး လက်လုပ် သေနက် ၃၀ လက်၊ သံမိုင်းကိုယ်ထည် ၂၅ ခု၊ ဒိုင်နမို ၁ လုံး၊ ဂဟေတို့စက် ၁ လုံး၊ လွန်ဖောက် စက်ကြီး/သေး ၃ လုံးကျောက်ဖြတ်စက် ၁ ခု၊ ခဲဂဟေတို့စက် ၁ လုံး၊ ဝရိန်ချောင်း ၁၀၀ ချောင်း၊ မျက်နှာကာ ၁ ခုကျောက်ဖြတ်စက်အဝိုင်းပြား ၂၀ ခု၊ လေအိုး ၃ ချောင်း၊ သံပိုက်လုံး ၆ ချောင်း၊ ဓါတ်မြေဩဇာ ၁ အိတ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိပြီး ၎င်းတို့သည် လုံခြုံရေးယာဉ်တန်း များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြောင်းမြောက်ပစ်ခတ်ခြင်း၊ ရဲစခန်းများကို ဝင်ရောက်စီးနင်းခြင်း ပြုလုပ်လျက်ရှိ ပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ပခုက္ကူခရိုင်တို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်နေရာများ ဖြစ်ပါတယ်။

 

#PeopleMedia #ကသာ #PDF

 

(unicode)


…………………………………….

 


 


 


 


 


 



Share this post