• Follow Us on

Home ကသာမြို့မှ ရွှေကူမြို့သို့ စက်လှေဖြင့် သယ်ဆောင်လာသည့် Myanmar Beer များကို မြို့လှ PDF အဖွဲ့မှ ဖျက်ဆီး

ကသာမြို့မှ ရွှေကူမြို့သို့ စက်လှေဖြင့် သယ်ဆောင်လာသည့် Myanmar Beer များကို မြို့လှ PDF အဖွဲ့မှ ဖျက်ဆီး

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၃ (People Media)

 

နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့မှ ရွှေကူမြို့သို့ စက်လှေဖြင့် Myanmar Beer များ သယ်ဆောင်လာမှုကို မြို့လှ PDF အဖွဲ့မှ တားဆီးပြီးနောက် ဖျက်ဆီးလိုက်သည်။

 

အဆိုပါ Myanmar Beer များကို မြို့လှ PDF(မိုက်ရူးရဲအဖွဲ့)မှ ရိုက်ခွဲကာ ဖျက်စီးခဲ့ခြင်းဖြစ်ပြီး၊ နောက်ထပ်စစ် အုပ်စုပိုင်ထုတ်ကုန်များကိုလည်း အလျဉ်းသင့်သလို ဖျက်စီးသွားမည်ဖြစ်ကြောင်း အဆိုပါ PDF အဖွဲ့က ထုတ် ပြန်ထားသည်။

 

PDF အဖွဲ့များသည် မကြာခဏဆိုသလို တပ်မတော်နှင့် ဆက်စပ်သည့် ထုတ်ကုန်ပစ္စည်းများ သယ်ဆောင် သည့် ယာဉ်များကို တားဆီးပြီး ကုန်ပစ္စည်းများကို ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကယားပြည်နယ်၌ MyTel ငွေဖြည့်ကဒ်များနှင့် ဆင်းကဒ်များကို PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

#PeopleMedia #မြန်မာဘီယာ

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post