• Follow Us on

Home ကသာမြို့၌ လုံခြုံရေးယာဉ်တန်းများ သွားလာမှုကို ဟန့်ထားနိုင်ရန် ခုတ်ထားသည့် ကျွန်းပင်လဲကျ၍ ဆေး ကုရန်လာသော အမျိုးသမီးတစ်ဦး ကျွန်းပင် ပိ၍ သေဆုံး၊ ၎င်း၏ သမီး ၃ ဦး(စိုးရိမ်ရ) ဒဏ်ရာရ

ကသာမြို့၌ လုံခြုံရေးယာဉ်တန်းများ သွားလာမှုကို ဟန့်ထားနိုင်ရန် ခုတ်ထားသည့် ကျွန်းပင်လဲကျ၍ ဆေး ကုရန်လာသော အမျိုးသမီးတစ်ဦး ကျွန်းပင် ပိ၍ သေဆုံး၊ ၎င်း၏ သမီး ၃ ဦး(စိုးရိမ်ရ) ဒဏ်ရာရ

Share this post

မန္တလေး၊ ဖေဖော်ဝါရီ ၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ လုံခြုံရေးယာဉ်တန်းများ သွားလာမှုကို ဟန့်ထားနိုင်ရန် ခုတ်ထားသည့် ကျွန်းပင်လဲကျ၍ ဆေးကုရန်လာသော အမျိုးသမီးတစ်ဦးသည် ကျွန်းပင်ပိ၍ သေဆုံးခဲ့သလို ၎င်း၏ သမီး ၃ ဦးလည်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ နတ်စဉ်ကျွန်းတောကျေးရွာ၌ နေ ထိုင်သည့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဆေးကုသရန် ၎င်း၏ သားသမီး ၃ ဦးနှင့်အတူ ကသာပြည်သူ့ဆေးရုံကြီးသို့ မော်တော်ယာဉ်ဖြင့် လာစဉ် ကသာ-အင်းတော်ကားလမ်း (၇) မိုင်၌ ခုတ်ထားသည့် ကျွန်းပင်သည် ယာဉ်ပေါ်ပြိုလဲ၍ သေဆုံးဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

 

“PDF တွေက တပ်မတော်ယာဉ်တန်းတွေကို ဟန့်ထားနိုင်ဖို့ လမ်းဘေးက ကျွန်းပင်တွေကို ခုတ်ထားတာ။ အပင်တွေက လဲကျဖို့ အလိုမှ ဒီအတိုင်းထားတာ။ အဲ့ဒီ ကျွန်းပင်က ယာဉ်ပေါ်ပြိုကျပြီး ဆေးကုတဲ့ အမျိုးသမီး ကွယ်လွန်သွားသလို ၎င်းရဲ့ သားသမီးတွေ ပြင်ထန်ဒဏ်ရာ ရသွားတယ်။ ယာဉ်မောင်းက ထိခိုက်မှုမရှိပါဘူး” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၃ ဦးကို တာဝန်ရှိသူများက မန္တလေးဆေးရုံကြီးသို့ ပို့ ဆောင်ပေးထားပြီး ဖြစ်ပါတယ်။

 

#PeopleMedia #ကသာမြို့

 

(unicode)


……………………………………………………….

 

မန်တလေး၊ ဖဖေောျဝါရီ ၅ (People Media)

 


 


 


 


 



Share this post