• Follow Us on

Home “ကသာမြို့၌ PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲအပေါ် PDF အဖွဲ့ဝင် တစ်ဦး ပြောဆိုချက်”

“ကသာမြို့၌ PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲအပေါ် PDF အဖွဲ့ဝင် တစ်ဦး ပြောဆိုချက်”

Share this post

 

ကသာမြို့၌ PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲ၌ ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုများလာကြောင်း PDF အဖွဲ့ဝင် တစ်ဦးပြောဆို

ရန်ကုန်၊ဇူလိုင်-၁၀(PeopleMedia)

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့၌ PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲ၌ ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုများလာကြောင်း PDF အဖွဲ့ဝင် တစ်ဦးက PeopleMedia သို့ ဆက်သွယ်ပြောဆိုလာသည်။

ကသာမြို့နယ်၌ PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့သည် ဇူလိုင်လ ပထမပတ် အတွင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ကသာမြို့ PDF အဖွဲ့ဝင် တစ်ဦးက ပြောဆိုပါတယ်။

“နစက ဘက်က လက်နက်ကြီး ပစ်အားကောင်းတယ်။ဒီဘက်မှာက လက်နက် ခဲယမ်း ရိက္ခာ အကန့်အသတ်ရှိတယ်။လက်နက်ကြီးနဲ့ ထိတွေ့မှုမှာ ဒီဘက်က ထိခိုက်ကျဆုံးမှု များလာတာပါ။”လို့ PDF အဖွဲ့ဝင် တစ်ဦးက ဆက်လက်ပြောဆိုသည်။

“လက်နက်အင်အား ဖြည့်တင်းဖို့ အခက်အခဲရှိတယ်။ပြီးတော့ ရိက္ခာပေါ့။နစက ဘက်မှာက လက်နက်ခဲယမ်း၊လက်နက်ကြီး အပါအဝင် လက်နက်တွေက အလုံအလောက်ရှိတယ်။အဲ့ဒီအခြေအနေက တိုက်ပွဲတစ်ခုရဲ့ ခက်ခဲတဲ့အခြေအနေပါ။နောက်ကနေ လက်နက်ပို့မှုကလည်း အကန့်အသတ်ရှိတယ်”လို့ ၎င်းက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လက်ရှိအချိန်တွင် PDF/KIA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့သည် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။

#PeopleMedia #ကသာမြို့ #PDF/KIA


Share this post