• Follow Us on

Home ကာကြယ္ေဆးထိုးေပးမည့္အစီအစဥ္ ဘရာဇီးေၾကညာ

ကာကြယ္ေဆးထိုးေပးမည့္အစီအစဥ္ ဘရာဇီးေၾကညာ

Share this post

ရီယိုဒီဂ်ေနး႐ို၊ ဒီဇင္ဘာ ၁၇
၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္စတင္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားစတင္ထိုးေပးမည့္အစီအစဥ္ကို ဘရာဇီးက်န္းမာေရး၀န္ႀကီးဌာနက ဗုဒၶဟူးေန႔တြင္ေၾကညာသည္။
ဘရာဇီးက်န္းမာေရးစည္းကမ္းထိန္းသိမ္းမႈေအဂ်င္စီအန္ဗီဇာက ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားကို တစံုတရာအတည္မျပဳေသးေခ်။
ေဖေဖာ္ဝါရီလတြင္စတင္မည့္ကာကြယ္ေဆးထိုးသည့္အစီအစဥ္အရ လူ ၄၉ သန္းကိုထိုးေပးမည္ျဖစ္သည္။
ဦးစားေပးထိုးမည့္သူမ်ားတြင္ က်န္းမာေရးႏွင့္ပညာေရး၀န္ထမ္းမ်ား၊ ေဒသခံတိုင္းရင္းသားလူမ်ိဳးမ်ား၊ အသက္ ၇၅ ႏွစ္ေက်ာ္သူမ်ား၊ ေရာဂါအခံ႐ွိသူမ်ား၊ လံုျခံဳေရးႏွင့္ပို႔ေဆာင္ေရးအရာ႐ွိမ်ားႏွင့္ အက်ဥ္းသားမ်ားပါ၀င္သည္။ ၂၀၂၁ ခုႏွစ္တြင္ ကာကြယ္ေဆးသန္း ၃၀၀ ေက်ာ္ရ႐ွိရန္ ၫွိႏႈိင္းထားၿပီး ဖီယိုခ႐ုဇ္၊ အက္စထရာဇီနီကာထံမွ ၁၀၀.၄ သန္း၊ ကိုဗက္က္စ္အစီအစဥ္မွ ၄၂.၉ သန္းရရန္တို႔လည္းပါ၀င္သည္။
ဘရာဇီးတြင္ အက္စထရာဇီနီကာ၊ ဂ်န္ဆန္၊ ဆင္ႏိုဗက္ႏွင့္ ဖိုင္ဇာကာကြယ္ေဆးမ်ားကို အဆင့္ ၃ အႀကီး အက်ယ္စမ္းသပ္မႈလုပ္ေနေသာ္လည္း မည္သည့္ကုမၸဏီကမွ အန္ဗီဇာထံအေရးေပၚအသံုးျပဳခြင့္ေလွ်ာက္ထား ျခင္းမ႐ွိေသးေၾကာင္း ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည္။
Ref : Brazil announces Covid-19 vaccination rollout plan
#PeopleMedia
(unicode)
ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ် ဘရာဇီးကြေညာ
…………………………………..
ရီယိုဒီဂျနေးရို၊ ဒီဇင်ဘာ ၁၇
၂၀၂၁ ခုနှစ်အစောပိုင်းတွင်စတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများစတင်ထိုးပေးမည့်အစီအစဉ်ကို ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။
ဘရာဇီးကျန်းမာရေးစည်းကမ်းထိန်းသိမ်းမှုအေဂျင်စီအန်ဗီဇာက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို တစုံတရာအတည်မပြုသေးချေ။
ဖေဖော်ဝါရီလတွင်စတင်မည့်ကာကွယ်ဆေးထိုးသည့်အစီအစဉ်အရ လူ ၄၉ သန်းကိုထိုးပေးမည်ဖြစ်သည်။
ဦးစားပေးထိုးမည့်သူများတွင် ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၊ အသက် ၇၅ နှစ်ကျော်သူများ၊ ရောဂါအခံရှိသူများ၊ လုံခြုံရေးနှင့်ပို့ဆောင်ရေးအရာရှိများနှင့် အကျဉ်းသားများပါဝင်သည်။ ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးသန်း ၃၀၀ ကျော်ရရှိရန် ညှိနှိုင်းထားပြီး ဖီယိုခရုဇ်၊ အက်စထရာဇီနီကာထံမှ ၁၀၀.၄ သန်း၊ ကိုဗက်က်စ်အစီအစဉ်မှ ၄၂.၉ သန်းရရန်တို့လည်းပါဝင်သည်။
ဘရာဇီးတွင် အက်စထရာဇီနီကာ၊ ဂျန်ဆန်၊ ဆင်နိုဗက်နှင့် ဖိုင်ဇာကာကွယ်ဆေးများကို အဆင့် ၃ အကြီး အကျယ်စမ်းသပ်မှုလုပ်နေသော်လည်း မည်သည့်ကုမ္ပဏီကမှ အန်ဗီဇာထံအရေးပေါ်အသုံးပြုခွင့်လျှောက်ထား ခြင်းမရှိသေးကြောင်း ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
Ref : Brazil announces Covid-19 vaccination rollout plan

Share this post