• Follow Us on
Latest News

Home ကာကြယ္ေဆးရပါက ေပးရမည့္လူသန္း ၃၀၀ ကို အိႏၵိယအစိုးရေဖာ္ထုတ္ေန

ကာကြယ္ေဆးရပါက ေပးရမည့္လူသန္း ၃၀၀ ကို အိႏၵိယအစိုးရေဖာ္ထုတ္ေန

Share this post

မြန္ဘိုင္း၊ ေအာက္တိုဘာ ၁၇
စေနေန႔တြင္ အိႏိၵယႏိုင္ငံ၌ ကာကြယ္ေဆးအဆင္သင့္ျဖစ္ခ်ိန္တြင္ေပးရမည့္လူ သန္း ၃၀၀ ခန္႔ကို အစိုးရက ေဖာ္ထုတ္ေနသည္ဟု ျပည္တြင္းမီဒီယာတခုကေဖာ္ျပသည္။
ေ႐ွ႕တန္းက်န္းမာေရး၀န္ထမ္းမ်ား၊ သန္႔႐ွင္းေရး၀န္ထမ္းမ်ား၊ ရဲအရာ႐ွိမ်ားႏွင့္ လူႀကီးမ်ားကို ဦးစားေပးၿပီး ကာကြယ္ေဆးေပးမည္ဟု အိႏိၵယတိုင္းမ္သတင္းစာကေဖာ္ျပသည္။
မူၾကမ္းအဆင့္တြင္သာ႐ွိေသးေသာ္လည္း လူ ၂၃ ရာခိုင္ႏႈန္းကိုၿခံဳငံုမိေစရန္ရည္႐ြယ္ထားၿပီး ေနာက္ဆံုးအစီအစဥ္သည္ ေအာက္တိုဘာလကုန္ႏွင့္ ႏို၀င္ဘာလဆန္းၾကားထြက္လာမည္ဟု သတင္းတြင္ပါ၀င္သည္။
ေ႐ြးခ်ယ္ထားသူမ်ားအတြက္ ကာကြယ္ေဆးအႀကိမ္သန္း ၆၀၀ ထိုးေပးရမည္ျဖစ္သည္။
လူသန္း ၂၅၀ ကိုကာကြယ္ေဆးထိုးေပးရန္ လာမည့္ႏွစ္ဇူလိုင္မတိုင္ခင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအဖံုသန္း ၅၀၀ အထိရ႐ွိရန္ အိႏိၵယႏုိင္ငံေမွ်ာ္လင့္ေနသည္ဟု ယခုလအေစာပိုင္းတြင္ အိႏိၵယက်န္းမာေရး၀န္ႀကီး ဟာ့႐ွ္ ဗာဒန္ကေျပာသည္။
စေနေန႔တြင္ အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၆၂၂၁၂ ေယာက္ထပ္တိုးၿပီး စုစုေပါင္း ၇.၄၃ သန္း႐ွိလာသည္။
သို႔ေသာ္ ကုသမႈခံယူေနသူ ၈၀၀၀၀၀ ေအာက္တြင္သာ႐ွိေနၿပီး ထိုပမာဏသည္ ၿပီးခဲ့သည့္တလခြဲအတြင္း ပထမဆံုးအႀကိမ္ျဖစ္သည္။
အိႏိၵယႏိုင္ငံသည္ အေမရိကန္ေနာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ဒုတိယအမ်ားဆံုးကူးစက္ခံထားရသည့္ႏိုင္ငံျဖစ္ေနၿပီး မၾကာမီေရာက္လာေတာ့မည့္ပြဲေတာ္ကာလအတြင္း ကူးစက္ခံရမႈျမင့္တက္လာမည္ကို စိုးရိမ္မႈမ်ား႐ွိေနသည္။
Ref : India’s coronavirus infections rise to 7.43 million
#PeopleMedia
(Unicode)
ကာကွယ်ဆေးရပါက ပေးရမည့်လူသန်း ၃၀၀ ကို အိန္ဒိယအစိုးရဖော်ထုတ်နေ
………………………………….
မွန်ဘိုင်း၊ အောက်တိုဘာ ၁၇
စနေနေ့တွင် အိန္ဒိယနိုင်ငံ၌ ကာကွယ်ဆေးအဆင်သင့်ဖြစ်ချိန်တွင်ပေးရမည့်လူ သန်း ၃၀၀ ခန့်ကို အစိုးရက ဖော်ထုတ်နေသည်ဟု ပြည်တွင်းမီဒီယာတခုကဖော်ပြသည်။
ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ရဲအရာရှိများနှင့် လူကြီးများကို ဦးစားပေးပြီး ကာကွယ်ဆေးပေးမည်ဟု အိန္ဒိယတိုင်းမ်သတင်းစာကဖော်ပြသည်။
မူကြမ်းအဆင့်တွင်သာရှိသေးသော်လည်း လူ ၂၃ ရာခိုင်နှုန်းကိုခြုံငုံမိစေရန်ရည်ရွယ်ထားပြီး နောက်ဆုံးအစီအစဉ်သည် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းကြားထွက်လာမည်ဟု သတင်းတွင်ပါဝင်သည်။
ရွေးချယ်ထားသူများအတွက် ကာကွယ်ဆေးအကြိမ်သန်း ၆၀၀ ထိုးပေးရမည်ဖြစ်သည်။
လူသန်း ၂၅၀ ကိုကာကွယ်ဆေးထိုးပေးရန် လာမည့်နှစ်ဇူလိုင်မတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအဖုံသန်း ၅၀၀ အထိရရှိရန် အိန္ဒိယနိုင်ငံမျှော်လင့်နေသည်ဟု ယခုလအစောပိုင်းတွင် အိန္ဒိယကျန်းမာရေးဝန်ကြီး ဟာ့ရှ် ဗာဒန်ကပြောသည်။
စနေနေ့တွင် အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၆၂၂၁၂ ယောက်ထပ်တိုးပြီး စုစုပေါင်း ၇.၄၃ သန်းရှိလာသည်။
သို့သော် ကုသမှုခံယူနေသူ ၈၀၀၀၀၀ အောက်တွင်သာရှိနေပြီး ထိုပမာဏသည် ပြီးခဲ့သည့်တလခွဲအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အမေရိကန်နောက်တွင် ကိုရိုနာဗိုင်းရပ်စ်ဒုတိယအများဆုံးကူးစက်ခံထားရသည့်နိုင်ငံဖြစ်နေပြီး မကြာမီရောက်လာတော့မည့်ပွဲတော်ကာလအတွင်း ကူးစက်ခံရမှုမြင့်တက်လာမည်ကို စိုးရိမ်မှုများရှိနေသည်။
Ref : India’s coronavirus infections rise to 7.43 million
#PeopleMedia


Share this post