• Follow Us on

Home ကာကွယ်ဆေးအစွမ်းထက်မှုအစီရင်ခံစာမမှန်ကန်ကြောင်းပြောဆိုနေခြင်းကို အက်စထရာဇီနီကာငြင်းဆို

ကာကွယ်ဆေးအစွမ်းထက်မှုအစီရင်ခံစာမမှန်ကန်ကြောင်းပြောဆိုနေခြင်းကို အက်စထရာဇီနီကာငြင်းဆို

Share this post

ဘာလင်၊ ဇန်နဝါရီ ၂၆
 
အသက် ၆၅ နှစ်ကျော်သူများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအစွမ်းထက်မှုအပေါ် ဂျာမနီအစိုးရက သံသယရှိနေသည်ဟု မီဒီယာများတွင်ဖော်ပြခဲ့ပြီးနောက် ဆေးစွမ်းထက်မှုအပေါ် ဆေးကုမ္ပဏီကြီး အက်စထရာဇီနီကာက ခုခံပြောဆိုသည်။
 
အသက် ၆၅ နှစ်ကျော်သူများတွင် ကာကွယ်ဆေးအစွမ်းထက်မှု ၈ ရာခိုင်နှုန်းသာရှိသည်ဟု သတင်းရင်းမြစ်များ ကိုကိုးကားပြီး Handelsblatt economic daily သတင်းစာက တနင်္လာနေ့တွင်သတင်းဖော်ပြသည်။
 
အောက်စဖို့တက္ကသိုလ်နှင့်ပူးတွဲထုတ်လုပ်ခဲ့ပြီး ယခုတပတ်တွင် ဥရောပသမဂ္ဂကအသုံးပြုခွင့်ပေးရန်ရှိနေသည့် ကာကွယ်ဆေးကို လူကြီးများတွင်အသုံးပြုခွင့်လိုင်စင်ရမည်ဟု ဂျာမနီအစိုးရကမမျှော်လင့်ကြောင်းလည်း ဖော်ပြ သည်။
 
ထိုအချက်များသည် မမှန်ကန်ကြောင်း ကုမ္ပဏီက တနင်္လာနေ့တွင်ထုတ်ပြန်သည်။
 
စမ်းသပ်မှုတွင်ပါဝင်သည့်လူကြီးအားလုံးကို ဒုတိယတကြိမ်ဆေးထိုးပြီးနောက်ပိုင်း ဗိုင်းရပ်စ်စူးချွန်များကို ခုခံ မှုနိုင်သည့်ကိုယ်ခံအားစနစ်များထွက်လာကြောင်း The Lancet သိပ္ပံဂျာနယ်တွင်အချက်အလက်များ ထုတ်ဝေခဲ့ကြောင်းလည်း ကုမ္ပဏီကတုံ့ပြန်သည်။
 
မျှော်လင့်မထားဘဲ အဖွဲ့ထံပေးမည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်းချီနောက်ကျနေခြင်းအပေါ် ဥရောပသမဂ္ဂကလည်း အက်စထရာဇီနီကာကို တနင်္လာနေ့တွင် ဒေါသတကြီးသတိပေးခဲ့သည်။
 
Ref : AstraZeneca rejects ‘incorrect’ reports on COVID-19 jab efficacy in elderly
 
#PeopleMedia
 
(unicode)
…………………………………………………..
 
 
 
 
 
 
 
 
Ref : AstraZeneca rejects ‘incorrect’ reports on COVID-19 jab efficacy in elderly
 
#PeopleMedia

Share this post