• Follow Us on

Home ကာကြယ္ေဆး႐ွိသည့္အခ်ိန္တြင္ပင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၂ သန္း႐ွိႏိုင္ဟု W.H.O ခန္႔မွန္း

ကာကြယ္ေဆး႐ွိသည့္အခ်ိန္တြင္ပင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၂ သန္း႐ွိႏိုင္ဟု W.H.O ခန္႔မွန္း

Share this post

ဂ်ီနီဗာ၊ စက္တင္ဘာ ၂၆

ေဆးတိုးသည့္ကာကြယ္ေဆးက်ယ္က်ယ္ျပန္႔ျပန္႔အသံုးမျပဳခင္ ကမာၻတ၀န္းကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးမႈ ၂ သန္း႐ွိနိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ W.H.O က သတိေပးသည္။

ႏိုင္ငံတကာပူးေပါင္းအေရးယူေဆာင္႐ြက္မႈမပါပါက ေသဆံုးသူပိုမ်ားႏိုင္ေၾကာင္း WHO အေရးေပၚအေျခအေန မ်ားဆိုင္ရာအႀကီးအကဲ ေဒါက္တာ မိုက္ ႐ိုင္ယန္ကေျပာသည္။

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာက တ႐ုတ္ႏိုင္ငံတြင္စတင္ခဲ့သည့္ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၁ သန္းနီးပါး႐ွိေနသည္။

ကူးစက္မႈလည္း ဆက္လက္ျမင့္တက္ေနၿပီး ကမာၻတ၀န္းအတည္ျပဳလူနာ ၃၂ သန္း႐ွိေနသည္။

ေဆာင္းရာသီနီးကပ္လာခ်ိန္တြင္ ကမာၻ႔ေျမာက္ျခမ္းႏိုင္ငံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဒုတိယအႀကိမ္ ျမင့္တက္ေနသည္။

လက္႐ွိအခ်ိန္အထိ အေမရိကန္၊ အိႏိၵယႏွင့္ဘရာဇီးႏိုင္ငံတို႔က ကူးစက္မႈအမ်ားဆံုးႏိုင္ငံမ်ားျဖစ္ေနၿပီး ထိုႏိုင္ငံမ်ားတြင္ ကူးစက္အတည္ျပဳလူနာ ၁၅ သန္းေက်ာ္႐ွိေနသည္။

Ref : Coronavirus: Two million deaths ‘very likely’ even with vaccine, WHO warns

#PeopleMedia

(Unicode)
ကာကွယ်ဆေးရှိသည့်အချိန်တွင်ပင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂ သန်းရှိနိုင်ဟု W.H.O ခန့်မှန်း
………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၂၆

ဆေးတိုးသည့်ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခင် ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှု ၂ သန်းရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က သတိပေးသည်။

နိုင်ငံတကာပူးပေါင်းအရေးယူဆောင်ရွက်မှုမပါပါက သေဆုံးသူပိုများနိုင်ကြောင်း WHO အရေးပေါ်အခြေအနေ များဆိုင်ရာအကြီးအကဲ ဒေါက်တာ မိုက် ရိုင်ယန်ကပြောသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက တရုတ်နိုင်ငံတွင်စတင်ခဲ့သည့် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁ သန်းနီးပါးရှိနေသည်။

ကူးစက်မှုလည်း ဆက်လက်မြင့်တက်နေပြီး ကမ္ဘာတဝန်းအတည်ပြုလူနာ ၃၂ သန်းရှိနေသည်။

ဆောင်းရာသီနီးကပ်လာချိန်တွင် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယအကြိမ် မြင့်တက်နေသည်။

လက်ရှိအချိန်အထိ အမေရိကန်၊ အိန္ဒိယနှင့်ဘရာဇီးနိုင်ငံတို့က ကူးစက်မှုအများဆုံးနိုင်ငံများဖြစ်နေပြီး ထိုနိုင်ငံများတွင် ကူးစက်အတည်ပြုလူနာ ၁၅ သန်းကျော်ရှိနေသည်။

Ref : Coronavirus: Two million deaths ‘very likely’ even with vaccine, WHO warns

#PeopleMedia


Share this post