• Follow Us on

Home ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး၊သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) တည်ဆောက် ရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောဆို


Share this post

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၅





[Unicode]
ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး၊သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) တည်ဆောက် ရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောဆို
……………………………………………………………………………

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၅

ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး၊သမားရိုးကျစစ်ဆင်ရေးများကိုအဆင့်မီဆောင်ရွက်နိုင်သည့်တပ်မတော် (Standard Army) တည်ဆောက် ရမည်ဖြစ်ကြောင်း တပ်ချုပ်က ပြောဆိုလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောတပ်နယ်ရှိနယ်မြေခံတပ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

သမားရိုးကျစစ်ဆင်ရေးများကိုအဆင့်မီဆောင်ရွက်နိုင်သည့်တပ်မတော် (StandardArmy) တည်ဆောက်ရေးနှင့်ပတ်သက်၍လက်ရှိတပ်မတော်ဖွဲ့စည်းတည်ဆောက် မှုမှာနိုင်ငံ့အခြေအနေအပေါ်မူတည်၍ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးအတွက်ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပထဝီနိုင်ငံရေးအခြေအနေ၊ခေတ်ကာလအခြေအနေ၊ပြောင်းလဲလာသည့် စစ်မဟာဗျူဟာ၊ နည်းဗျူဟာများအရကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊တိုင်းပြည်ကအားထားရသောတပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်စေရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်ချုပ်က ပြောကြားခဲ့ပါတယ်။

#PeopleMedia #StandardArmy


Share this post