• Follow Us on

Home ကာကွယ်ရေးစွမ်းအားမကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်ခံရမည်ဖြစ်ပြီး မိမိတို့စော်ကားခံရလိမ့်မည် ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ကာကွယ်ရေးစွမ်းအားမကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်ခံရမည်ဖြစ်ပြီး မိမိတို့စော်ကားခံရလိမ့်မည် ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ (People Media)

 

ကာကွယ်ရေးစွမ်းအား မကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်ခံရမည်ဖြစ်ပြီး၊ မိမိတို့ စော်ကားခံရလိမ့်မည် ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါ ပြောကြားခဲ့ သည်။

 

“ကာကွယ်ရေးစွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ် သွားမှာပေါ့။ စီးပွားရေးအားမကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့ အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီးပွားရေးကိုပြန်လည်မတ်လာအောင်လုပ်မည်ဆိုပါက မိမိတို့ အပေါ်တွင် ပြည်သူက ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊  မိမိ၏ ရည်မှန်းချက် ၃ ခုရှိကြောင်း၊ တစ်အချက်မှာ တော့ တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲတင်မည်ပြောထားကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ မိမိတို့ မလုပ်နိုင်စရာ အကြောင်းမရှိကြောင်း ပြောသည်။

 

“၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင်လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့ ပတ် သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ်မှာ။ အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်းလာပြီဆိုရင် ဒီဘက်ကနိုင်ငံတော် ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ဆက်လက်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်နှင့် နှစ်အား မိမိတို့မှ ကောင်းကောင်းထိန်းနိုင် ပြီ၊ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင်ရှိပြီဆိုပါက တတိယဖြစ်သည့် ကာကွယ်ရေးစွမ်းပကားများကို ရအောင် မိမိတို့မှ မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အမျိုးသားစစ်မှုထမ်းဉပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ သူ့၏ သတ်မှတ်ထားသည့်အတိုင်း မိမိတို့ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ တိုင်း ပြည်၏ အခြေအနေပေါ်မူတည်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ ဒါကလုပ်ရမည်ဖြစ်ပြီး၊ မလုပ်လို့မရကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia #စစ်ရေး #နိုင်ငံရေး #နစက

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 



Share this post