• Follow Us on

Home ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္သုံးစြဲရန္ မဟာမိတ္နိုင္ငံမ်ားအား အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မတ္ခ္အက္စပါ တိုက္တြန္း

ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္သုံးစြဲရန္ မဟာမိတ္နိုင္ငံမ်ားအား အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မတ္ခ္အက္စပါ တိုက္တြန္း

Share this post

.နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၁(PeopleMedia)

ကာကြယ္ေရးဘတ္ဂ်က္မ်ား တိုးျမႇင့္သုံးစြဲၾကရန္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မတ္ခ္အက္စပါက မ ဟာမိတ္နိုင္ငံမ်ားသို႔ တိုက္တြန္းလိုက္သည္။

အက္စပါသည္ ယမန္ေန႔က အႀကံေပးအဖြဲ႕၏ အခမ္းအနားတစ္ခု၌ မိန္႔ခြန္းတစ္ရပ္ ေျပာၾကားခဲ့သည္။ အေမရိကန္နိုင္ငံ၏ ဦးေဆာင္မႈေၾကာင့္ ေနတိုးအဖြဲ႕ဝင္ မဟာမိတ္နိုင္ငံမ်ား၏ ကာကြယ္ေရးဘတ္ဂ်က္မွာ ၿပီးခဲ့ ေသာႏွစ္မ်ားအတြင္း တိုးျမႇင့္လာခဲ့ေၾကာင္း ၄င္းက ေျပာသည္။

ေနတိုးအဖြဲ႕ဝင္ ကိုးနိုင္ငံက ယခုအခါ ကာကြယ္ေရးဘတ္ဂ်က္ကို ဂ်ီဒီပီ၏ ႏွစ္ရာခိုင္ႏႈန္း သုံးစြဲမည့္ကတိ ကဝတ္ ျပည့္မီၿပီး ႏွိုင္းယွဥ္ၾကည့္ပါက ၂၀၁၆ ခုႏွစ္တြင္ ငါးနိုင္ငံသာရွိခဲ့ေၾကာင္း အက္စပါက ဆိုသည္။

ေနတိုးအဖြဲ႕ဝင္ နိုင္ငံအားလုံးက ကာကြယ္ေရးအသုံးစရိတ္အတြက္ ဂ်ီဒီပီ၏ ၂ ရာခိုင္ႏႈန္းထက္မနည္း ရင္းႏွီးျမဳပ္ႏွံရန္ ေမၽွာ္လင့္ပါေၾကာင္း ၄င္းက ေျပာသည္။

၂၁ ရာစုႏွစ္တြင္ ရႈပ္ေထြးေသာ စိန္ေခၚမႈမ်ားေက်ာ္ျဖတ္ရန္ႏွင့္ မၽွေဝတန္ဖိုးမ်ား ကာကြယ္ေစာင့္ေရွာက္ ရန္ ဘုံလုံျခဳံေရးအတြက္ နိုင္ငံအားလုံးတြင္ တာဝန္ရွိေၾကာင္း သူက ဆိုသည္။

ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္ၾကရန္ႏွင့္ အေမရိကန္တပ္ဖြဲ႕မ်ား လက္ခံထားရွိေသာတိုင္းျပည္မ်ားက ကုန္က်စရိတ္ မၽွေဝက်ခံၾကရန္ အေမရိကန္အစိုးရက ေတာင္းဆိုခဲ့သည္။

လာမည့္ ဘ႑ာႏွစ္အတြင္း ဂ်ပန္နိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ားအတြက္ ဂ်ပန္နိုင္ငံက ကုန္က်စရိတ္ မၽွ ေဝက်ခံေရးႏွင့္ပတ္သက္၍ ႏွစ္နိုင္ငံအစိုးရမ်ားက ယခုလေႏွာင္းပိုင္းတြင္ ေဆြးေႏြးမႈမ်ား စတင္မည္ျဖစ္သည္။

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; Esper urges allies to spend more on defense

(unicode)
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် မဟာမိတ်နိုင်ငံများအား အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စပါ တိုက်တွန်း
…………………………………………..

နိုင်ငံတကာ၊ အောက်တိုဘာ ၂၁(PeopleMedia)

ကာကွယ်ရေးဘတ်ဂျက်များ တိုးမြှင့်သုံးစွဲကြရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စပါက မ ဟာမိတ်နိုင်ငံများသို့ တိုက်တွန်းလိုက်သည်။

အက်စပါသည် ယမန်နေ့က အကြံပေးအဖွဲ့၏ အခမ်းအနားတစ်ခု၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုကြောင့် နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးဘတ်ဂျက်မှာ ပြီးခဲ့ သောနှစ်များအတွင်း တိုးမြှင့်လာခဲ့ကြောင်း ၄င်းက ပြောသည်။

နေတိုးအဖွဲ့ဝင် ကိုးနိုင်ငံက ယခုအခါ ကာကွယ်ရေးဘတ်ဂျက်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်း သုံးစွဲမည့်ကတိ ကဝတ် ပြည့်မီပြီး နှိုင်းယှဉ်ကြည့်ပါက ၂၀၁၆ ခုနှစ်တွင် ငါးနိုင်ငံသာရှိခဲ့ကြောင်း အက်စပါက ဆိုသည်။

နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးက ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းထက်မနည်း ရင်းနှီးမြုပ်နှံရန် မျှော်လင့်ပါကြောင်း ၄င်းက ပြောသည်။

၂၁ ရာစုနှစ်တွင် ရှုပ်ထွေးသော စိန်ခေါ်မှုများကျော်ဖြတ်ရန်နှင့် မျှဝေတန်ဖိုးများ ကာကွယ်စောင့်ရှောက် ရန် ဘုံလုံခြုံရေးအတွက် နိုင်ငံအားလုံးတွင် တာဝန်ရှိကြောင်း သူက ဆိုသည်။

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ကြရန်နှင့် အမေရိကန်တပ်ဖွဲ့များ လက်ခံထားရှိသောတိုင်းပြည်များက ကုန်ကျစရိတ် မျှဝေကျခံကြရန် အမေရိကန်အစိုးရက တောင်းဆိုခဲ့သည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအတွက် ဂျပန်နိုင်ငံက ကုန်ကျစရိတ် မျှ ဝေကျခံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရများက ယခုလနှောင်းပိုင်းတွင် ဆွေးနွေးမှုများ စတင်မည်ဖြစ်သည်။

ကိုးကား – အင်န်အိတ်ချ်ကေ

Ref; Esper urges allies to spend more on defense


Share this post