• Follow Us on

Home ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ အိႏၵိယကာ ကြယ္ေရး၀န္ႀကီးတို႔ ႏွစ္ႏိုင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကားဆက္ဆံေရး တိုးႁမွင့္ရန္ ေတြ႕ဆံုေဆြးေႏြး

ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ အိႏၵိယကာ ကြယ္ေရး၀န္ႀကီးတို႔ ႏွစ္ႏိုင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကားဆက္ဆံေရး တိုးႁမွင့္ရန္ ေတြ႕ဆံုေဆြးေႏြး

Share this post

ရန္ကုန္၊ ဇြန္ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ အိႏၵိယႏိုင္ငံကာကြယ္ေရး၀န္ႀကီး H.E.Mr. Rajnath Singh တို႔ ယခုလ၂၄ရက္ညေနပိုင္းက ေမာ္စကိုၿမိဳ႕ရွိ Mtropol ဟိုတယ္တြင္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾက ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္သည္။

ထိုသို႔ေတြ႕ဆံုေဆြးေႏြးရာတြင္ ႏိုင္ငံ့ေခါင္းေဆာင္အဆက္ဆက္ ခ်စ္ၾကည္ရင္းႏွီးခဲ့ၾကၿပီး ၿငိမ္းခ်မ္းစြာေနထိုင္လာ သည့္ ႏွစ္ႏိုင္ငံတပ္မေတာ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံမႈတိုးႁမွင့္ေရးေရးဆိုင္ရာကိစၥရပ္မ်ားအပါအ၀င္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္စပ္ေဒသ စီမံခန္႔ခြဲမႈေကာင္းမြန္ေစရန္ တိုးႁမွင့္ေဆာင္ရြက္ေရးဆိုင္ ရာမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသအၾကမ္းဖက္သမားမ်ား အေျခခ်ေနထိုင္မႈမရွိေစေရး၊ ပူးေပါင္းေဆာင္ရြက္လ်က္ရွိ သည့္ အေျခအေနမ်ား၊ ကုလားတန္စီမံကိန္း အေကာင္အထည္ေဖၚေဆာင္ရြက္ေနမႈမ်ားႏွင့္ စီမံကိန္းေအာင္ျမင္ ေစေရး လံုၿခံဳေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္မည့္အေျခအေနမ်ား၊ အိႏၵိယသမုဒၵယာလံုျခံဳဆိုင္ရာမ်ားတြင္ ႏွစ္ႏိုင္ ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္ႏိုင္မည့္အေျခအေနမ်ား၊ Covid-19 ေရာဂါျဖစ္ပြားမႈအား အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္သည့္အခ်ိန္တြင္ သင္တန္းဆိုင္ရာကိစၥရပ္မ်ားကို ဆက္လက္ေဆာင္ရြက္ သြားမည့္အေျခအေနမ်ားကိုေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေမာ္စကိုၿမိဳ႕တည္းခိုသည့္ ဟို တယ္တြင္ ႐ုရွားႏိုင္ငံRTသတင္းဌာနအားလက္ခံေတြ႕ဆံုကာ ၇၅ႏွစ္ေျမာက္အထိမ္းအမွတ္ စစ္ေရးျပအခမ္း အနားအေပၚရႈျမင္သံုးသပ္ခ်က္မ်ား၊ ျမန္မာႏိုင္ငံတြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားေပၚေပါက္လာမႈႏွင့္ စစ္ေရးနည္းလမ္းမ်ား၊ ႏိုင္ငံေရးနည္းလမ္းႏွင့္သံတမန္နည္းလမ္းအရ ေျဖရွင္းေဆာင္ရြက္ေနသည့္အေျခ အေနမ်ား၊ တပ္မေတာ္မအေနျဖင့္ႏိုင္ငံေတာ္လံုျခံဳေရးကိစၥရပ္မ်ားအျပင္၊ Covid-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ားတြင္ ပါ၀င္ေဆာင္ရြက္ေနသည့္အေျခအေနမ်ား၊ယခုႏွစ္မတ္လ ၂၇ ရက္တြင္ က်ေရာက္ သည့္ ျမန္မာ့တပ္မေတာ္၏ ၇၅ ႏွစ္ေျမာက္ စိန္ရတုႏွစ္ပတ္လည္ေန႔စစ္ေရးျပအခမ္းအနားအား ျပန္လည္က်င္းပ ျပဳလုပ္ႏိုင္ေရးစီစဥ္ေဆာင္ရြက္မည့္အေျခအေနမ်ား၊ RT သတင္းဌာအေနျဖင့္ ျမန္မာႏိုင္ငံသို႔လာေရာက္ကာ ျမန္မာ့ရႈခင္း၊ ျမန္မာ့စိတ္ရင္းႏွင့္ ျမန္မာႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈမ်ားကို ႐ိုက္ကူးထုတ္လႊင့္ႏိုင္ေရး စီစဥ္ေဆာင္ ရြက္ေပးမည့္အေျခအေနမ်ားစသည္တို႔ႏွင့္ သိရွိလိုသည့္ေမးျမန္းခ်က္မ်ားကို ေျဖၾကားေပးခဲ့ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယကာ ကွယ်ရေးဝန်ကြီးတို့ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေး တိုးမြှင့်ရန် တွေ့ဆုံဆွေးနွေး
……………………………………………………

ရန်ကုန်၊ ဇွန် ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီး H.E.Mr. Rajnath Singh တို့ ယခုလ၂၄ရက်ညနေပိုင်းက မော်စကိုမြို့ရှိ Mtropol ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် ချစ်ကြည်ရင်းနှီးခဲ့ကြပြီး ငြိမ်းချမ်းစွာနေထိုင်လာ သည့် နှစ်နိုင်ငံတပ်မတော်အကြားချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုတိုးမြှင့်ရေးရေးဆိုင်ရာကိစ္စရပ်များအပါအဝင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုကောင်းမွန်စေရန် တိုးမြှင့်ဆောင်ရွက်ရေးဆိုင် ရာများ၊ နှစ်နိုင်ငံနယ်စပ်ဒေသအကြမ်းဖက်သမားများ အခြေချနေထိုင်မှုမရှိစေရေး၊ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ကုလားတန်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စီမံကိန်းအောင်မြင် စေရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ အိန္ဒိယသမုဒ္ဒယာလုံခြုံဆိုင်ရာများတွင် နှစ်နိုင် ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ Covid-19 ရောဂါဖြစ်ပွားမှုအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် သင်တန်းဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မော်စကိုမြို့တည်းခိုသည့် ဟို တယ်တွင် ရုရှားနိုင်ငံRTသတင်းဌာနအားလက်ခံတွေ့ဆုံကာ ၇၅နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားအပေါ်ရှုမြင်သုံးသပ်ချက်များ၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများပေါ်ပေါက်လာမှုနှင့် စစ်ရေးနည်းလမ်းများ၊ နိုင်ငံရေးနည်းလမ်းနှင့်သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်နေသည့်အခြေ အနေများ၊ တပ်မတော်မအနေဖြင့်နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များအပြင်၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့်အခြေအနေများ၊ယခုနှစ်မတ်လ ၂၇ ရက်တွင် ကျရောက် သည့် မြန်မာ့တပ်မတော်၏ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့စစ်ရေးပြအခမ်းအနားအား ပြန်လည်ကျင်းပ ပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်မည့်အခြေအနေများ၊ RT သတင်းဌာအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်းနှင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးမည့်အခြေအနေများစသည်တို့နှင့် သိရှိလိုသည့်မေးမြန်းချက်များကို ဖြေကြားပေးခဲ့ကြောင်းသိရသည်။

#PeopleMedia


Share this post