• Follow Us on

Home ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားနိုင်ငံ JSC Rosoboronexport ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားနိုင်ငံ JSC Rosoboronexport ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၆ (People Media)

 

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC Rosoboronexport ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chekmarev Andrey Lvovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့တပ်မတော်(ရေ) နှင့် JSC “Rosoboro-nexport” ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အတူ တပ်မတော်(ရေ)မှ အရာ ရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia #ရုရှားမြန်မာ

 

(unicode)


……………………………………………………………….

 


 


 


 


 



Share this post