• Follow Us on

Home “ကာကွယ်ရေး လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျန်တဲ့မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ စိစစ်ဆောင်ရွက်ပြီးဖြစ်ပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်း

“ကာကွယ်ရေး လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျန်တဲ့မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ စိစစ်ဆောင်ရွက်ပြီးဖြစ်ပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်း

Share this post

NUG မှ စက်တင်ဘာ ၇ ရက်နေ့မှစပြီး D-Day နေ့ဖြစ်တယ်လို့ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အပေါ် People Media သတင်းဌာနမှ ပြန်ကြားရေး ဒု-ဝန် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဆက်သွယ် မေးမြန်းခဲ့သည်။

 

People Media – ဒီနေ့မှာ NUG က D Day စပြီလို့ ထုတ်ပြန်လိုက်တယ်။ ဒီအပေါ်မှာ တပ်မတော်အနေနဲ့ ဘာပြောနိုင်မလဲ။

 

ဗိုလ်ချုပ်ဇော်မင်းထွန်း – သူတို့အနေနဲ့ကတော့ဗျာ D Day စပြီမဟုတ်ဘူး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဟိုနေ့စမယ်၊ ဒီနေ့စမယ်နဲ့ လုပ်နေတဲ့အတိုင်းအတာတစ်ခုပါ။ အခုဟာက ကုလသမဂ္ဂမှာ ညီလာခံလည်းနီးလာ တဲ့အချိန်မှာ လုပ်တာပဲဖြစ်မှာပါ။ ကာကွယ်ရေးနဲ့ လုံခြုံရေးအခြေအနေအရ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့သ လိုပဲ တစ်နိုင်ငံလုံးမှာတော့ အပြည့်အဝတော့ မရသေးဘူး။ သို့သော် ဖမ်းဆီးရမိမှုတွေ ပြည်သူလူထုရဲ့ ဖော် ထုတ်ချက်တွေ၊ ပူပေါင်းချက်တွေကြောင့် တော်တော်များများမှာ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ပတ်သက်ပြီး တိုး တက်ထားရှိပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြည်သူလူထုကို ထိခိုက်စေနိုင်တဲ့နေရာတွေမှာ အချိန်ကိုက်မိုင်း တိုက်ခိုက်တာတို့၊ ဗုံးခွဲတာတို့ ဒါတွေတော့လုပ်လာနိုင်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်သူပဲ လုပ်လုပ် ဖော်ထုတ်ဖမ်းဆီးနိုင်တာတို့၊ နောက်ဆက်တွဲသတင်းတွေအရ ဆက်စပ်ဖော်ထုတ်တာတို့ ရရှိပြီးဖြစ်ပါ တယ်။ ကာကွယ်ရေး လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျန်တဲ့မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ စိစစ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဘာမှထူးပြီးစိုးရိမ်ထိတ်လန့်နေ စရာမလိုပါဘူး။ ဒါပေမဲ့ သတိရှိဖို့တော့ လိုပါတယ်။ မနေ့က ရန်ကုန်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်လိုမျိုး ဘောဂသိဒ္ဓိမှာ ဖြစ်ခဲ့တာဆိုရင် အပြစ်မဲ့ပြည်သူသေဆုံးသွားတာပေါ့။ ဗုံးကိုထောင်ချင်တဲ့နေရာမှာ ထောင်ပြီး စစ်ရေးနေရာ လည်းမဟုတ်ဘူး၊ လုံခြုံရေးနေရာလည်း မဟုတ်ဘူး။ အရပ်သားတွေရဲ့နေရာမှာ ထောင်ချင်တဲ့နေရာမှာ ထောင်ထားခဲ့တယ်။ အဲဒီလုံခြုံရေးတစ်ယောက်နဲ့ အပြစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတဲ့ဖြစ်စဉ်ရှိတယ်။ ဒီလိုမျိုးတွေလုပ်လာနိုင်တယ်။ သတိရှိဖို့လိုပါတယ်။

 

People Media – တပ်မတော်အနေနဲ့ NUG ရဲ့ D Day ကို ဘယ်လိုနားလည်ထားလဲ။

 

ဗိုလ်ချုပ်ဇော်မင်းထွန်း – ပြည်သူတွေကို မြှောက်ပင့်နေတာပါဗျာ။ ပြည်သူတွေ၊ အစွန်းရောက်တွေကို မြှောက်ပင့် နေတာပါ။ သူတို့အနေနဲ့ ယခင်ကအတိုင်း ဒါတွေကို နောက်ကွယ်ကနေပြီး အဲဒီလူတွေအကုန်လုံး တစ်ယောက် မှ လက်တွေ့ဘဝမှာမရှိပါဘူး။ လက်တွေ့မှာ အကြမ်းဖက်မှုလုပ်လာအောင်၊ အကြမ်းဖက်မှုတွေပိုမိုဆိုးဝါးလာ အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်အောင် နိုင်ငံမတည်မငြိမ်ဖြစ်အောင် ဒါတွေပဲလုပ်နေတာဖြစ်ပါတယ်။ ခုန ကပြောသလို ကုလသမဂ္ဂညီလာခံနီးလာတဲ့အချိန်မှာ စပြီးလုပ်တာလို့ပဲကျွန်တော်ထင်ပါတယ်။

 

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

#PeopleMedia #DDay #NUG #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း

 

(unicode)


 


 


 


 


 


 


 



Share this post