• Follow Us on

Home ကာဇစ္စတန်တွင် လေယာဉ်ထွက်ခွာစဉ် မတော်တဆမှုကြောင့် လူ ၉ ဦးသေဆုံး


Share this post






Ref; Reuters


(Unicode)
ကာဇစ္စတန်တွင် လေယာဉ်ထွက်ခွာစဉ် မတော်တဆမှုကြောင့် လူ ၉ ဦးသေဆုံး
……………………………………………………………

ကာဇစ္စတန်လေကြောင်းလိုင်း Bek Air က ခရီးသည်တင်လေယာဉ်တစ်စီးဟာ နိုင်ငံတွင်း အယ်မက်တီမြို့အနီး မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပျံသန်းထွက်ခွာစဉ် စက်ချို့ယွင်းမှုကြောင့် နံရံနဲ့ အဆောက်အဦးတစ်ခုကို ဝင် တိုက်ခဲ့လို့ အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၉၅ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးလိုက်ပါလာခဲ့တာပါ။

လေယာဉ်ဟာ မြို့တော် နူရာဆူလ်တန်ကို သွားတဲ့ခရီးစဉ်အတွက် ထွက်ခွာပျံသန်းစဉ် နံရံတစ်ခုကို တိုက်ပြီး အဆောက်အဦးတစ်ခုကိုလည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်ဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဆောင်ရွက်လျက်ရှိပါတယ်။

မတော်တဆမှုဖြစ်ပွားတဲ့နေရာမှာ နှင်းတွေပိတ်ဖုံးလျက်ရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post