ကာမလိမ္လည္မႈျဖင့္တရားစြဲခံရသည့္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ က်ပ္ သိန္း ၁၀၀ ခံ၀န္နွစ္ဦးျဖင့္ အာမခံရ
PUBLISHED - December 13, 2019
ရန္ကုန္၊ ဒီဇင္ဘာ ၁၃
ကာမလိမ္လည္မႈျဖင့္ တရားစြဲခံရသည့္ သရုပ္ေဆာင္မိုးေအာင္ရင္ကို ယေန႔႐ုံးခ်ိန္းတြင္ ရန္ကင္းၿမိဳ႕နယ္ တရား ႐ုံးမွ က်ပ္သိန္း ၁၀၀ ခံ၀န္နွစ္ဦးျဖင့္ အာမခံေပးခဲ့သည္။
ကာမလိမ္လည္မႈျဖင့္ တရားစြဲခံရသည့္ သရုပ္ေဆာင္မိ္ုးေအာင္ရင္က ယေန႔ ဒီဇင္ဘာ၁၃ရက္တရားရ႐ုံးခ်ိန္းတြင္ ရန္ကင္းၿမိဳ႕နယ္တရား႐ုံးသို႔ ေရာက္ရွိလာခဲ့ၿပီးတရား႐ုံးမွာ အာမခံေလွ်ာက္ထားခဲ့သည္။
ယင္းအတြက္ တရား႐ုံးမွ က်ပ္သိန္း ၁၀၀ ခံ၀န္နွစ္ဦးျဖင့္ အာမခံေပးခဲ့ကာ ႐ုံးခ်ိန္းကို လာမည့္ ဇန္န၀ါရီလ ၇ ရက္သို႔ ျပန္လည္ခ်ိန္းဆိုခဲ့ၿပီး အဆိုပါ႐ုံးခ်ိန္းတြင္ မႈခင္းစီမံခန္႔ခြဲမႈအစည္းအေ၀ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။
သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ၎၏ရည္းစားေဟာင္းျဖစ္သူဟုဆိုသည့္ မခင္ျမတ္နိုးက ၿပီးခဲ့သည့္ နို၀င္ဘာ ၂၂ ရက္က ရန္ကင္းၿမိဳ႕နယ္တရား႐ုံး၌ သရုပ္ေဆာင္မိုးေအာင္ရင္က လက္ထပ္မည္ဟုေျပာကာ ကာမလိမ္လည္ ရယူၿပီး လက္ထပ္မႈမရွိဟုဆိုကာ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုခဲ့ျခင္းလည္းျဖစ္သည္။
(Unicode)
ကာမလိမ်လည်မှုဖြင့်တရားစွဲခံရသည့် သရုပ်ဆောင်မိုးအောင်ရင် ကျပ် သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် အာမခံရ ………………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကာမလိမ်လည်မှုဖြင့် တရားစွဲခံရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ယနေ့ရုံးချိန်းတွင် ရန်ကင်းမြို့နယ် တရား ရုံးမှ ကျပ်သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် အာမခံပေးခဲ့သည်။
ကာမလိမ်လည်မှုဖြင့် တရားစွဲခံရသည့် သရုပ်ဆောင်မိ်ုးအောင်ရင်က ယနေ့ ဒီဇင်ဘာ၁၃ရက်တရားရရုံးချိန်းတွင် ရန်ကင်းမြို့နယ်တရားရုံးသို့ ရောက်ရှိလာခဲ့ပြီးတရားရုံးမှာ အာမခံလျှောက်ထားခဲ့သည်။
ယင်းအတွက် တရားရုံးမှ ကျပ်သိန်း ၁၀၀ ခံဝန်နှစ်ဦးဖြင့် အာမခံပေးခဲ့ကာ ရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေကို ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်းသိရသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို ၎င်း၏ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မခင်မြတ်နိုးက ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က ရန်ကင်းမြို့နယ်တရားရုံး၌ သရုပ်ဆောင်မိုးအောင်ရင်က လက်ထပ်မည်ဟုပြောကာ ကာမလိမ်လည် ရယူပြီး လက်ထပ်မှုမရှိဟုဆိုကာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။
#PeopleMedia #Entertainment