• Follow Us on

Home ကာမိုင္း၌ ေျမေနရာကိစၥအျငင္းပြားရမွ ဓားခုတ္မႈျဖစ္ပြား

ကာမိုင္း၌ ေျမေနရာကိစၥအျငင္းပြားရမွ ဓားခုတ္မႈျဖစ္ပြား

Share this post

ကာမိုင္း၊ နိုဝင္ဘာ ၂၈

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ကာမိုင္းၿမိဳ႕ ၌ ယမန္ေန႕လယ္သမား ႏွစ္ဦး ေျမေနရာကိစၥအျငင္းပြားရာမွ ဓားခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ကာမိုင္းနယ္ေျမရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႕ နံနက္၁၁နာရီအခ်ိန္ခန႔္က ကာမိုင္းၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထိုက္၊ စိုက္ပ်ိဳးေရးဦးစီး ဦးတင္ေအာင္မိုးႏွင့္ တာဝန္ရွိသူမ်ား၊ လယ္သမားမ်ားသည္ အျငင္းျဖစ္ပြားမႈ ျဖစ္ပြားေနေသာ ေျမေနရာ ျဖစ္သည့္ မအူပင္ လယ္ကြင္းရွိ OSS-46 ေျမေနရာတြင္ သြားေရာက္ကြင္းဆင္းၿပီး ဦးေက်ာ္ေအာင္ လုပ္ကိုင္ေနသည့္ လယ္ေျမအားတိုင္းတာရန္သြားေရာက္စဥ္ တာဝန္ရွိသူမ်ားႏွင့္ လိုက္ပါ လာေသာ ဦးခင္ေမာင္လင္း(ခ) ဦးေလာတာအား ဦးေက်ာ္ေအာင္မွ “ဘာတာဝန္နဲ႕ လိုက္ပါလာတာလဲ”ဟုေမးျမန္းရာမွ တစ္ဦးႏွင့္ တစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ဦးခင္ေမာင္လင္း(ခ) ဦးေလာတာ၏ သားစိုင္းစိုင္းႏွင့္ ၎ႏွင့္ ေယာက္ဖေတာ္စပ္သူမွ ဦးေလာတာ ႏွင့္ စကားမ်ားရန္ျဖစ္ေနေသာ ဦးေက်ာ္ေအာင္အား ဓားျဖင့္ခုတ္မႈမ်ား ျဖစ္ပြားခဲ့သည္။

ဓားျဖင့္ ခုတ္ခံရသည့္ ဦးေက်ာ္ေအာင္မွာဝဲဘက္နားအထက္တြင္ ေလးလက္မခန႔္ ဒဏ္ရာတစ္ခ်က္၊ ဂုတ္ပိုးတြင္ တစ္လက္မခန႔္တစ္ခ်က္၊ ဝဲဘက္မ်က္ခုံးအထက္တြင္ တစ္လက္မခန႔္ တစ္ခ်က္၊ ဝဲဘက္လ်က္ဖ်ံတြင္ တစ္ခ်က္ ဒဏ္ရာမ်ားရရွိခဲ့သည္။

ထိုျဖစ္စဥ္ကို ေက်နပ္မႈမရွိသည့္ ဦးေက်ာ္ေအာင္၏ ဇနီးျဖစ္သူေဒၚအမ္ထူးရွန္က ဓားျဖင့္ခုတ္သူ စိုင္းစိုင္းႏွင့္ ၎၏ ေယာက္ဖေတာ္စပ္သူ (အမည္မသိ)တို႔ကို ကာမိုင္းၿမိဳ႕ နယ္ေျမရဲစခန္း၌ တရားစြဲဆိုထားၿပီး ကာမိုင္းနယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ၃၂၆အရ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လြမ္းေအာင္

[Unicode]
ကာမိုင်း၌ မြေနေရာကိစ္စအငြင်းပွားရမှ ဓားခုတ်မှုဖြစ်ပွား

ကာမိုင်း၊ နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ၌ ယမန်နေ့လယ်သမား နှစ်ဦး မြေနေရာကိစ္စအငြင်းပွားရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်၁၁နာရီအချိန်ခန့်က ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ စိုက်ပျိုးရေးဦးစီး ဦးတင်အောင်မိုးနှင့် တာဝန်ရှိသူများ၊ လယ်သမားများသည် အငြင်းဖြစ်ပွားမှု ဖြစ်ပွားနေသော မြေနေရာ ဖြစ်သည့် မအူပင် လယ်ကွင်းရှိ OSS-46 မြေနေရာတွင် သွားရောက်ကွင်းဆင်းပြီး ဦးကျော်အောင် လုပ်ကိုင်နေသည့် လယ်မြေအားတိုင်းတာရန်သွားရောက်စဉ် တာဝန်ရှိသူများနှင့် လိုက်ပါ လာသော ဦးခင်မောင်လင်း(ခ) ဦးလောတာအား ဦးကျော်အောင်မှ “ဘာတာဝန်နဲ့ လိုက်ပါလာတာလဲ”ဟုမေးမြန်းရာမှ တစ်ဦးနှင့် တစ်ဦး စကားများရန်ဖြစ်ရာမှ ဦးခင်မောင်လင်း(ခ) ဦးလောတာ၏ သားစိုင်းစိုင်းနှင့် ၎င်းနှင့် ယောက်ဖတော်စပ်သူမှ ဦးလောတာ နှင့် စကားများရန်ဖြစ်နေသော ဦးကျော်အောင်အား ဓားဖြင့်ခုတ်မှုများ ဖြစ်ပွားခဲ့သည်။

ဓားဖြင့် ခုတ်ခံရသည့် ဦးကျော်အောင်မှာဝဲဘက်နားအထက်တွင် လေးလက်မခန့် ဒဏ်ရာတစ်ချက်၊ ဂုတ်ပိုးတွင် တစ်လက်မခန့်တစ်ချက်၊ ဝဲဘက်မျက်ခုံးအထက်တွင် တစ်လက်မခန့် တစ်ချက်၊ ဝဲဘက်လျက်ဖျံတွင် တစ်ချက် ဒဏ်ရာများရရှိခဲ့သည်။

ထိုဖြစ်စဉ်ကို ကျေနပ်မှုမရှိသည့် ဦးကျော်အောင်၏ ဇနီးဖြစ်သူဒေါ်အမ်ထူးရှန်က ဓားဖြင့်ခုတ်သူ စိုင်းစိုင်းနှင့် ၎င်း၏ ယောက်ဖတော်စပ်သူ (အမည်မသိ)တို့ကို ကာမိုင်းမြို့ နယ်မြေရဲစခန်း၌ တရားစွဲဆိုထားပြီး ကာမိုင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ၃၂၆အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia #EPN


Share this post