• Follow Us on

Home ကိယက်ဗ်သွားရာလမ်းမပေါ်က မိုင် ၄၀ ခန့်ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကြီး ရပ်တန့်နေပုံရ

ကိယက်ဗ်သွားရာလမ်းမပေါ်က မိုင် ၄၀ ခန့်ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကြီး ရပ်တန့်နေပုံရ

Share this post

နိုင်ငံတကာ၊ မတ် ၃ (People Media)

 

ရုရှားစစ်တပ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို သွားတဲ့လမ်းတစ်လျှောက်မှာ ချီ တက်နေတဲ့ မိုင် ၄၀ ခန့် ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကြီးဟာ ရပ်တန့်နေပုံရကြောင်း သိရပါတယ်။

 

ယူကရိန်းနိုင်ငံကို တိုက်ခိုက်လာတဲ့ ရုရှားရဲ့ထိုးစစ်ဟာ အတားအဆီးပေါင်းများစွာနဲ့တွေ့ကြုံနေရပါတယ်။ ရုရှား စစ်တပ်ဟာ ယူကရိန်းခုခံစစ်ကိုသာမက လော်ဂျစ်စတစ်နဲ့ ထောက်ပံံ့ပို့ဆောင်ရေးပြဿနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပြီး ချီတက်မှုနှေးကွေးနေတာကို တွေ့ရပါတယ်။

 

တချို့ရုရှားတပ်ဖွဲ့ဝင်တွေဟာ လောင်စာဆီနဲ့ ရိက္ခာတွေပြတ်လပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ထိပ်တန်းအရာရှိတစ်ဦးက မတ်လ ၁ ရက်နေ့က သတင်းထောက်တွေကိုပြောပါတယ်။

 

ရုရှားတပ်တွေဟာ သူတို့ထင်ထားတာထက် ပိုမိုပြင်းထန်တဲ့ခုခံမှုနဲ့ကြုံတွေ့ရတဲ့အပြင် လောင်စာဆီပြတ်လပ်မှု ပြဿနာနဲ့ လော်ဂျစ်စတစ်ပြဿနာတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ အမေရိကန်အရာရှိတွေ ဒီအကြောင်းပြောဆိုခဲ့တာ အခုလက်ရှိအချိန်မှာ ပြဿနာဖြစ်နေပြီဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောပါတယ်။

 

“ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲ ကျွန်တော်တို့မြင်သမျှပြောရရင် သူတို့တွေ လောင်စာဆီပြတ်လိမ့်မယ် လို့ပြောခဲ့ပါတယ်။ အခု လောင်စာဆီသာမက သူတို့တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာပါပြတ်နေပါပြီ။” လို့ ယင်းအရာ ရှိက ပြောပါတယ်။

 

အဓိက ကိယက်ဗ်မြို့ကို ချီတက်နေတဲ့ယာဉ်တန်းကြီးဟာ မနေ့ကနေရာမှာပဲရှိနေသေးတယ်။ ဒါ့ကြောင့် ယူက ရိန်းနိုင်ငံမြောက်ဘက်ကနေ သိသာထင်ရှားတဲ့ ချီတက်မှုမျိုးကို မတွေ့ရပါဘူးလို့ အမေရိကန်အရာရှိတွေက ရှင်းပြပါတယ်။

 

ဧရာမယာဉ်တန်းကြီးဟာ ကိယက်ဗ်မြို့မြောက်ဘက် ၁၈ မိုင်အကွာလောက်မှာ ရပ်တန့်နေပါတယ်။ ယာဉ်တန်း ကြီးမှာ တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ အမြောက်ကြီးတွေနဲ့ ထောက်ပံ့ရေးကားတွေလည်း ပါဝင်ကြောင်း အင်္ဂါနေ့က NPR သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

ယာဉ်တန်းကြီးရပ်တန့်နေတာ လော်ဂျစ်စတစ်ပြဿနာကြောင့်ဖြစ်နိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြော နေပေမဲ့လည်း ရုရှားတွေအနေနဲ့ စစ်ဆင်ရေးတွေကို ခေတ္တရပ်တန့်ထားလိုတာကြောင့် ယာဉ်တန်းကြီးရပ်တန့် နေတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

ရုရှားတပ်တွေ ပြန်လည်စုဖွဲ့နေတာတွေ၊ ပြန်စဉ်းစားနေတာတွေ၊ ပြန် လည်အကဲဖြတ်သုံးသပ်နေတာတွေ လည်းဖြစ်နိုင်တယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။

 

ယူကရိန်းနယ်စပ်မှာ စုဖွဲ့ထားတဲ့ရုရှားစစ်သည်အင်အား ခန့်မှန်း ၁၉၀,၀၀၀ အနက် ၈၀% ဟာ ယူကရိန်းနိုင်ငံထဲ ကိုရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်အရာရှိတွေက သတင်းထောက်တွေကိုပြောပါတယ်။

 

စစ်ပွဲဖြစ်တဲ့ အ ချိန်မှာ ရုရှားတွေဟာ စမ်းတဝါးဝါးလျှောက်လာရင်း လမ်းကြောင်းကို ချိန်ဆနေတယ်လို့ ယူဆရကြောင်း ၎င်းတို့ က ပြောပါတယ်။ “သူတို့ ပြန်လည်စုဖွဲ့လိမ့်မယ်။ ပြန်ပြီး ညှိလိမ့်မယ်။ သူတို့ နည်းဗျူ ဟာကိုပြန်ပြောင်းလိမ့်မယ်။ ရုရှားတွေဟာ သူတို့ရဲ့ အမှားတွေကနေ ပြန်ပြီးသင်ယူလိမ့်မယ်လို့ထင်ပါတယ်။” လို့ အမေရိကန်အရာရှိကပြောပါတယ်။

 

 

Ref: The menacing 40-mile-long Russian military vehicle convoy bearing down on Kyiv appears to have stalled

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

 

Ref: The menacing 40-mile-long Russian military vehicle convoy bearing down on Kyiv appears to have stalled

 

#PeopleMedia


Share this post