• Follow Us on
Latest News

Home ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ NLD ပါတီေအာင္လံေရးဆိုင္းဘုတ္ ဖ်က္စီးခံရ၊ က်ဳးလြန္သူကို အေရးယူႏိုင္ေရး ေကာ္မရွင္ႏွင့္ ရဲတပ္ဖြဲ႕ထံ တိုင္ၾကားမည္ဟု ရန္ကုန္တိုင္း NLD ဥကၠ႒ဆို

ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ NLD ပါတီေအာင္လံေရးဆိုင္းဘုတ္ ဖ်က္စီးခံရ၊ က်ဳးလြန္သူကို အေရးယူႏိုင္ေရး ေကာ္မရွင္ႏွင့္ ရဲတပ္ဖြဲ႕ထံ တိုင္ၾကားမည္ဟု ရန္ကုန္တိုင္း NLD ဥကၠ႒ဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၁

ရန္ကုန္တိုင္းေဒသႀကီး၊ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ NLD ပါတီေအာင္လံေရးဆိုင္းဘုတ္မ်ား အဖ်က္ခံရျခင္းႏွင့္ ပတ္သက္ၿပီး ေကာ္မရွင္ႏွင့္ရဲစခန္းကို တိုင္ၾကားထားေၾကာင္း ရန္ကုန္တိုင္း NLD ပါတီဥကၠ႒ ဦးျမင့္ေဌး ကေျပာသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ေကာ္မရွင္ကိုအေၾကာင္းၾကားထားတယ္ေလ။ ဘယ္သူလုပ္မွန္းမွမသိတာကို။ ပ်က္စီး မႈႏွင့္ပတ္သက္ၿပီး ရဲကိုလည္းတိုင္မယ္ေျပာထားပါတယ္ဗ်”ဟု ရန္ကုန္တိုင္း NLD ပါတီဥကၠ႒ ဦးျမင့္ေဌး ကေျပာသည္။

Nld ပါတီေအာင္လံေရးဆိုင္းဘုတ္အဖ်က္ခံရသျဖင့္ ကိုကိုးကြၽန္းၿမိဳ႕နယ္ရဲစခန္းႏွင့္ ကိုကိုးကြၽန္းၿမိဳ႕နယ္ ေကာ္မရွင္ကိုတိုင္းၾကားထားေၾကာင္းလည္း NLD ပါတီရန္ကုန္တိုင္းအတြင္းေရးမွဴး ဦးထြန္းျမင့္ကေျပာသည္။

“ကြၽန္ေတာ္တို႔ရဲစခန္းမွာေတာ့အမႈဖြင့္ထားတယ္။ ကိုကိုးကြၽန္းၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္မွာလည္း ဘာပဲေျပာေျပာတိုင္းၾကားထားတယ္ေပါ႔ေနာ္။ တရားခံေဖာ္ထုတ္ေပးရမွာနဲ႔ တရားဥပေဒစိုးမိုးေရးလုပ္ ေပးရမွာကေတာ့ ရဲစခန္းကတာ၀န္ေပါ႔ေနာ္” NLD ပါတီရန္ကုန္တိုင္း အတြင္းေရးမွဴး ဦးထြန္းျမင့္ကေျပာသည္။

#PeopleMedia #ကိုကိုးကြၽန္း

(unicode)
ကိုကိုးကျွန်းမြို့နယ်ရှိ NLD ပါတီအောင်လံရေးဆိုင်းဘုတ် ဖျက်စီးခံရ၊ ကျုးလွန်သူကို အရေးယူနိုင်ရေး ကော်မရှင်နှင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားမည်ဟု ရန်ကုန်တိုင်း NLD ဥက္ကဋ္ဌဆို
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်ရှိ NLD ပါတီအောင်လံရေးဆိုင်းဘုတ်များ အဖျက်ခံရခြင်းနှင့် ပတ်သက်ပြီး ကော်မရှင်နှင့်ရဲစခန်းကို တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေး ကပြောသည်။

“ကျွန်တော်တို့ကတော့ ကော်မရှင်ကိုအကြောင်းကြားထားတယ်လေ။ ဘယ်သူလုပ်မှန်းမှမသိတာကို။ ပျက်စီး မှုနှင့်ပတ်သက်ပြီး ရဲကိုလည်းတိုင်မယ်ပြောထားပါတယ်ဗျ”ဟု ရန်ကုန်တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေး ကပြောသည်။

Nld ပါတီအောင်လံရေးဆိုင်းဘုတ်အဖျက်ခံရသဖြင့် ကိုကိုးကျွန်းမြို့နယ်ရဲစခန်းနှင့် ကိုကိုးကျွန်းမြို့နယ် ကော်မရှင်ကိုတိုင်းကြားထားကြောင်းလည်း NLD ပါတီရန်ကုန်တိုင်းအတွင်းရေးမှူး ဦးထွန်းမြင့်ကပြောသည်။

“ကျွန်တော်တို့ရဲစခန်းမှာတော့အမှုဖွင့်ထားတယ်။ ကိုကိုးကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှာလည်း ဘာပဲပြောပြောတိုင်းကြားထားတယ်ပေါ့နော်။ တရားခံဖော်ထုတ်ပေးရမှာနဲ့ တရားဥပဒေစိုးမိုးရေးလုပ် ပေးရမှာကတော့ ရဲစခန်းကတာဝန်ပေါ့နော်” NLD ပါတီရန်ကုန်တိုင်း အတွင်းရေးမှူး ဦးထွန်းမြင့်ကပြောသည်။

#PeopleMedia #ကိုကိုးကျွန်း


Share this post