• Follow Us on

Home ကိုဂျင်မီနှင့်အတူ AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ တို့ကို ဖမ်းမိခဲ့ကြောင်း န-စ-က သတင်းထုတ်ပြန်

ကိုဂျင်မီနှင့်အတူ AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ တို့ကို ဖမ်းမိခဲ့ကြောင်း န-စ-က သတင်းထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၇ (People Media)

CRPH/NUG ၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေး ကိုကျော်မင်းယု(ခ)ဂျင်မီအား အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကိုကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အ AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့ပါသည်။

ကိုဂျင်မီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်တရားရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည်။

ကိုကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအားဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ) နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို (နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း န-စ-က မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ကိုဂျင်မီ

(Unicode)

………………………………………………