• Follow Us on

Home ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအပါအဝင် ပြည်ပဝင်စွတ်ဖက်မှုကန့်ကွက်ရေး မြန်မာ-တရုတ်နယ်ပယ်အသီးသီး မှ ကိုယ်စားလှယ်များဆွေးနွေး

ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအပါအဝင် ပြည်ပဝင်စွတ်ဖက်မှုကန့်ကွက်ရေး မြန်မာ-တရုတ်နယ်ပယ်အသီးသီး မှ ကိုယ်စားလှယ်များဆွေးနွေး

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် မြန်မာ-တရုတ်ဆက်ဆံရေးဆွေးနွေးပွဲတွင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး ကိစ္စအပါအဝင် ပြည်ပဝင်စွတ်ဖက်မူကန့်ကွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြား ဝန်ကြီး Mr. Wang Yi လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို ချီးကျုးခဲ့ပြီး မြန်မာ-တရုတ် အစဉ်အ လာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ဆက်ဆံရေး တိုးတက်မှုဖြစ်စဉ်ကို ပြန်ပြောင်းသုံးသပ်၍ ခေတ်သစ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် အကြံပြုချက်များပေးကာ နှစ်နိုင်ငံနယ်ပယ်အသီးသီး ကူးလူးဖလှယ်မှု ကို ဆက်လက်ဂရုပြုထောက်ခံအားပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ကလည်း မြန်မာနိုင်ငံနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကာလကြာရှည်စွာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းရေးနှင့် တရုတ်-မြန်မာဆက်ဆံရေး တိုး တက်မှုတွန်းအားပေးရေးအတွက် အကျိုးထမ်းဆောင်မှုများကို ကျေးဇူးတင်ကြောင်းပြောသည်။

ထို့အပြင် တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရေး၊ နှစ်နိုင်ငံကဏ္ဍအသီး သီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးတွင် နှစ်နိုင်ငံနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ပြန့်စွာပါဝင်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက်ဆွေးနွေးပွဲတွင် တက်ရောက်သူများက တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်ရေး၊ တရုတ်-မြန်မာစီးပွားရေးစြင်္ကံတည်ဆောက်မှု တွန်းအားပေးရေး၊ တရုတ်-မြန်မာ ကပ် ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပြည်ပဝင်ရောက်စွက်ဖက်မှုများ ကန့်ကွက်ရေး စသည့်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဖက်မှ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနုစသည့် မြန်မာနိုင်ငံ ပညာရှင်များ၊ မီဒီယာစသည့် နယ်ပယ်အ သီးသီးမှ ကိုယ်စားလှယ်များပါဝင်ပြီး တရုတ်နိုင်ငံဖက်မှ သံအမတ်ကြီး Mr. Chen Hai နှင့် သံမှူး Mr. Yang Shouzheng တို့က ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

#PeopleMedia #China

(unicode)
……………………………………………………








#PeopleMedia #China


Share this post