• Follow Us on

Home ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ရန် အလှမ်းဝေးနေ၊ မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်များ ပေါ်ထွက်လာနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပြောကြား

ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ရန် အလှမ်းဝေးနေ၊ မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်များ ပေါ်ထွက်လာနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း၌ အသစ်ထပ်တိုးသော ကိုဗစ်အတည်ပြုလူနာဦးရေ ၁၈ သန်းရှိခဲ့ပြီး အချို့နိုင်ငံများတွင် ထပ်တိုးလူနာဦးရေသည် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရော ဂါအဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒ ရော့စ်က ဇန်နဝါရီ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း တစ်ဟုန်တိုး ပြန့်ပွားလာမှုနှင့်အတူ ဗီဇပြောင်း ဗိုင်းရပ်စ်သစ် များ ပေါ်ထွက်လာနိုင်ကြောင်း ဆိုသည်။

 

လက်ရှိတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ က အစီရင်ခံသည့် ဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ်ပေါင်း ၇ သန်းကျော်ရှိရာ ယခုအခါ အိုမီခရွန်စသည့် ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားနှင့် ကိုရိုနာဗိုင်းရပ်စ်ပြောင်းလဲမှုဖြစ်စဉ်ကို အချိန်နှင့် တစ်ပြေးညီ ခြေရာခံနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #COVID19 #မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်သစ်များပေါ်ထွက်လာနိုင်

 

(unicode)


……………………………………………………………

 


 


 


 


 

(Xinhua)

 



Share this post